Connect with us

NPC

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အခြားအင်အားကြီးနိုင်ငံများထက် နည်းပါးကြောင်း NPC ပြောရေးဆိုခွင့်ရှိသူပြောကြား

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့ အား သတင်းစာရှင်းလင်းပွဲတစ်ခု ၌ မတ်လ ၄ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် အခြား အင်အားကြီးနိုင်ငံများထက် နည်းပါးကြောင်း နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အခြားမည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမဖြစ်စေကြောင်း ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၄ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အခြားသော အင်အားကြီးနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက ကာကွယ်ရေးအသုံးစရိတ်အား ၎င်း၏ GDP နှင့် အမျိုးသားဘဏ္ဍာရေးအသုံးစရိတ်မှ နည်းပါးသော ပမာဏကိုသာ သုံးစွဲခြင်းဖြစ်ကြောင်း၊ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့ကပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ လူတစ်ဦးချင်းစီအတွက် စစ်အသုံးစရိတ်သည်လည်း အခြားအင်အားကြီးနိုင်ငံများထက် နည်းပါးကြောင်း ကျန်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.