Connect with us

Africa & Middle East

တာလီဘန်လက်နက်ကိုင်အဖွဲ့ က အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် အနီးရှိ အရေးပါသည့် ဒေသတစ်ခုအား တိုက်ခိုက်သိမ်းပိုက်

အာဖဂန်နစ္စတန်နိုင်ငံ၌ ဧပြီလက ဗုံးခွဲတိုက်ခိုက်ခံရသည့် စစ်ဆေးရေးဂိတ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မေ ၁၃ ရက် (ဆင်ဟွာ)

တာလီဘန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မေ ၁၁ ရက်၌ Wardak ပြည်နယ် Nerkh ဒေသကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းနှင့် ယင်းဒေသသည် မြို့တော် ကဘူးလ် နှင့် ၃၅ ကီလိုမီမျှသာ ကွာဝေးကြောင်း အာဖဂန်နစ္စတန်နိုင်ငံ Wardak ပြည်နယ်အုပ်ချုပ်ရေးမှူး Abdul Rahman Tariq က မေလ ၁၂ ရက်၌ ပြောကြားခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး က သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် တာလီဘန်လက်နက်ကိုင် အဖွဲ့ဝင်များသည် မေလ ၁၁ ရက်တွင် အစိုးရတပ်ဖွဲ့နှင့်တိုက်ပွဲများဖြစ်ပွားပြီးနောက် Nerkh ဒေသကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အစိုးရတပ်ဖွဲ့ အနေဖြင့် ယင်းဒေသမှ မဟာဗျူဟာအရ တပ်ဆုတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ကူများသည် Nerkh ဒေသ သို့ရောက်ရှိနေပြီးဖြစ်ကာ အစိုးရတပ်ဖွဲ့အနေဖြင့် ယင်းဒေသအား ပြန်လည်သိမ်းယူရန် အစီအစဉ် ရေးဆွဲထားပြီးဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လူမှုကွန်ရက်မှတဆင့် မေလ ၁၂ ရက်၌ ရေးသားဖော်ပြခဲ့သည်။

Nerkh ဒေသသည် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ် နှင့် သွားလာရန် အချိန် နာရီဝက်သာ ကြာမြင့်ပြီး အာဖဂန်နစ္စတန်နိုင်ငံမြို့တော် နှင့် တာဘီဘန်တို့ တပ်ဆွဲထားသည့် Kandahar ပြည်နယ် နှင့် ချိတ်ဆက်ထားသည့် အရေးပါသောတည်နေရာ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နှင့် နေတိုးတပ်ဖွဲ့တို့သည် မေလ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံ မှ တရားဝင် စတင်တပ်ဆုတ်ခဲ့ကြပြီး အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက် မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံး ဆုတ်ခွာကြမည်ဖြစ်ကြောင်း ၊ လတ်တလောရက်ပိုင်းတွင် အာဖဂန်နစ္စတန်ပြည်တွင်း၌ တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအခြေအနေမှာလည်း တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် တာလီဘန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် စစ်မြေပြင်တွင် အစိုးရတပ်ဖွဲ့အပေါ် တိုက်ခိုက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)塔利班攻占阿富汗首都附近一重要地区
2021-05-12 18:48:26 分类: 武装力量及其活动
新华社喀布尔5月12日电(记者史先涛)阿富汗瓦尔达克省省长塔里克12日说,塔利班武装分子11日攻占瓦尔达克省尼尔赫地区,该地区距首都喀布尔仅35公里。
塔里克当天对媒体说,塔利班武装分子11日在同政府军交战后攻占尼尔赫地区,政府军从该地区战略撤退。
阿富汗国防部发言人福阿德•阿曼12日在推特发文表示,援兵已抵达尼尔赫地区附近,政府军制定了夺回该地区的计划。
尼尔赫地区距喀布尔车程仅半小时,是连接首都与塔利班腹地坎大哈省的重要枢纽。
美国和北约军队5月1日开始正式撤离阿富汗,计划在9月11日前撤完。近期,阿富汗国内袭击事件不断,安全形势日趋恶化。同时,塔利班明显在战场上加强了对政府军的攻势。(完)

Photo
4月1日,安全人员检查阿富汗赫拉特省首府赫拉特市郊区一处遭袭击的检查站。 新华社发(埃拉哈•萨赫勒摄)