Connect with us

Africa & Middle East

အမေရိကန်နိုင်ငံ ၏ အရေးယူပိတ်ဆို့မှုများက အီရန်နိုင်ငံ ဆင်းရဲနွမ်းပါးသူများအပေါ် ဖိနှိပ်မှုဖြစ်ကြောင်း အီရန်သမ္မတ ပြောကြား

အီရန်နိုင်ငံ သမ္မတ Hassan Rouhani အား သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၁၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ Hassan Rouhani က မေ ၁၂ ရက်၌ အစိုးရအဖွဲ့အစည်းအဝေး ကျင်းပပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ ၏ အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံတွင် ကုန်ဈေးနှုန်းများ မြှင့်တက်လာခဲ့ပြီး ဆေးဝါးများ မလုံလောက်မှုကြုံတွေ့ခဲ့ရကြောင်း ၊ အမေရိကန်နိုင်ငံ၏ ဆောင်ရွက်မှုများက အီရန်နိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများအပေါ် ဖိနှိပ်မှုဖြစ်ပြီး အီရန်နိုင်ငံရှိ နာမကျန်းသူများ၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံသတင်းမီဒီယာ၏ ဖော်ပြမှုတွင် အီရန်နိုင်ငံ သမ္မတ Hassan Rouhani က အမေရိကန်နိုင်ငံ ၏ အီရန်နိုင်ငံအပေါ်ဆောင်ရွက်သည့် စီးပွားရေးစစ်ပွဲကို ရင်ဆိုင်ရချိန်တွင် အီရန်ပြည်သူများအနေဖြင့် ကြံ့ကြံ့ခံနိုင်မှုကို ပြသခဲ့ပြီး အရေးယူပိတ်ဆို့မှုများကို တိုက်ဖျက်နေကြကြောင်း ၊ အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုဆိုင်ရာ အစည်းအဝေးများ ဗီယင်နာတွင် ပြုလုပ်လာသည်နှင့်အမျှ အရေးယူပိတ်ဆို့မှု တံတိုင်းကြီးမှာလည်း တစ်စစပြိုလဲလာခဲ့ကြောင်း ၊ အီရန်နိုင်ငံအစိုးရအနေဖြင့် အပြုသဘောဆောင်သည့် အပြန်အလှန်လှုပ်ရှားမှုများကို ခိုင်မြဲစွာဆောင်ရွက်သွားမည်ဖြစ်ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အားလုံးကို ပယ်ဖျက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နိုင်ငံက အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်ရန် သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ရန် သဘောတူခဲ့သည်။ ၂၀၁၈ ခုနှစ် မေလ တွင် အမေရိကန်နိုင်ငံ အစိုးရသည် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလ မှစတင်၍ အီရန်နိုင်ငံ က အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါရှိသော အချက်အလက်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ပြီး ဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ကတိပြုခဲ့သည်။ ယခုနှစ် ဧပြီ ၆ ရက်တွင် အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါဝင်သော သက်ဆိုင်ရာအသီးသီး ကိုယ်စားလှယ်များက ဗီယင်နာတွင် အမေရိကန် နှင့် အီရန် နိုင်ငံတို့မှ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际)伊朗总统说美国对伊制裁是“压迫伊朗穷人”
2021-05-13 00:03:53 分类: 政治法律
新华社德黑兰5月12日电(记者高文成 王守宝)伊朗总统鲁哈尼12日在内阁会议上说,美国对伊制裁导致伊朗物价上涨、药品不足,是“对伊朗穷人的压迫,对伊朗病人人权的侵犯”。
伊通社援引鲁哈尼的话说,面对美国发起的对伊“经济战”,伊朗人民展现出了韧性,正在打败制裁。随着伊朗核问题全面协议相关方会议在奥地利首都维也纳举行,“制裁高墙正在逐步倒塌”。
他表示,伊朗政府将坚持“建设性互动”,相信所有对伊制裁都将被解除。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面宣布退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。今年4月6日,伊核协议相关方代表开始在维也纳就美伊恢复履约问题举行会谈。(完)

Photo
2019年10月14日,伊朗总统鲁哈尼在总统府举行记者会。新华社发(艾哈迈德摄)