Africa & Middle East
အီရတ်တွင် ဟိုတယ်မီးလောင်မှုကြောင့် အီရန်ဘုရားဖူး ၂ဦးသေဆုံး

တီဟီရန်၊ ဖေဖော်ဝါရီ ၆ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ နာဂျတ်ဖ်မြို့တွင် ဖေဖော်ဝါရီ ၅ရက်က ဖြစ်ပွားခဲ့သည့် ဟိုတယ်မီးလောင်မှုကြောင့် အနည်းဆုံး အီရန်နိုင်ငံသား အမျိုးသမီး ၂ဦးသေဆုံးခဲ့ကြောင်း Iran Daily က ဖော်ပြခဲ့သည်။
အီရန်နိုင်ငံ ဟာ့ဂျ်ဘုရားဖူးအဖွဲ့အစည်း မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Morteza Aqaei က မီးခိုးမွှန်မှုကြောင့် အခြား အီရန်ဘုရားဖူး၃ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အခြားသတင်းများ၌ ဘုရားဖူး ၁၀၀ကျော် မီးခိုးမွှန်သည့် ဝေဒနာများခံစားခဲ့ရကြောင်း ဖော်ပြခဲ့သည်။
Aqaei က Al-Nasir ဟိုတယ် တတိယထပ် မှ လိုက်ကာအနီးရှိ လေပူပေးစက် တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)