Connect with us

Africa & Middle East

အစိုးရ၏ ဓာတ်ငွေ့ သဘောတူစာချုပ်အား အစ္စရေး တရားရုံးချုပ် ပယ်ချ

Tamar ဓာတ်ငွေ့လုပ်ကွက်ရှိ ရေနံတူးစင်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျေရုဆလမ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အစ္စရေး သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ဖွံ့ဖြိုးရန်အတွက် အမေရိကန်- အစ္စရေး လုပ်ငန်းစု၏ အငြင်းပွားဖွယ် သဘောတူ စာချုပ်အား အစ္စရေး တရားရုံးချုပ်က ပယ်ချလိုက်သည်။

အဆိုပါ သဘောတူ စာချုပ်အား အမေရိကန် တက္ကဆက်ပြည်နယ် အခြေစိုက် Noble Energy ကုမ္ပဏီနှင့် အစ္စ ရေး အခြေစိုက် Delek Group တို့က အစ္စရေး၏ အကြီးဆုံး ဓာတ်ငွေ့ လုပ်ငန်းအား ထိန်းချုပ်ရန် မနှစ်က လက်မှတ်ရေးထိုးထားခဲ့ခြင်း ဖြစ်သည်။

ယင်းစာချုပ်ပါ အဓိက အချက်မှာ အခြေခံဥပဒေနှင့် မကိုက်ညီဘဲ နောင်တွင် တစ်ဦးတည်းချုပ်ကိုင်သည့် စနစ် သို့ ဦးတည်သွားနိုင်သဖြင့် တရားသူကြီး ၅ ဦးပါအဖွဲ့က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ စာချုပ်အား အစိုးရက ပြင်ဆင်ရန် တစ်နှစ်တာကာလ အချိန်ပေးကြောင်းနှင့် သို့မဟုတ်ပါကမူ ပယ်ဖျက်မည် ဖြစ်ကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။

နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲလွဲခဲ့သည့် နှစ်များနောက်ပိုင်း Leviathan နှင့် Tamar ဓာတ်ငွေ့လုပ်ကွက် များ စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်အတွက် Noble နှင့် Delek ကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပြုသည့် ကာလရှည် သဘောတူစာချုပ်အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နတ်တန်ယာဟူ (Benjamin Netanyahu) က လက်မှတ်ရေးထိုးခဲ့သည်။

၆၂၂ ဘီလီယံ ကုဗမီတာ ကျယ်သည့် Leviathan ဓာတ်ငွေ့သိုက်အား အစ္စရေးနိုင်ငံ မြေထဲပင်လယ် ကမ်းရိုးတန်း ၌ ၂၀၁၀ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းနှင့် ကပ်လျက် Tamar ဓာတ်ငွေ့ လုပ်ကွက်ငယ်တွင် ၂၀၁၃ ခုနှစ် မတ်လ၌ စတင် ထုတ်လုပ်နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.