Connect with us

Africa & Middle East

ကာတာဘုရားဖူးများ ဆော်ဒီသို့ ဝင်ရောက်နိုင်ရန် ကုန်းလမ်းမနယ်စပ်ဂိတ်များဖွင့်ပေးရန် ဆော်ဒီဘုရင် အမိန့်ပေး

ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် အားတွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် က ဘုရားဖူးများ ဆော်ဒီနိုင်ငံအတွင်းသို့ ကုန်းလမ်းမ နယ်စပ်ဂိတ် မှတစ်ဆင့် အီလက်ထရောနစ် ပါမစ်များ မလိုအပ်ဘဲ ဝင်ရောက်ခွင့်ပြုရန် သြဂုတ် ၁၆ရက် တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ယင်းအမိန့်သည် ကာတာဘာသာရေးခေါင်းဆောင် အဗ္ဗဒူလာ ဘင် အလီ ဘင် အဗ္ဗဒူလာ ဘင် ဂျက်ဆန် အယ် တန်နီ ၏ ဖျောင်းဖျမှုပေါ်မူတည်၍ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင် ဆယ်လ်မန် သည် ဆော်ဒီ-ကာတာ ဆက်ဆံရေးကို ကောင်းမွန်မှုကို လိုလားသော ကာတာနိုင်ငံသားတစ်ဦး နှင့်တွေ့ဆုံခဲ့ပြီး ၎င်းက ကာတာဘုရားဖူးများအတွက် ဆယ်လ်ဝါနယ်စပ် အား ဖွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆော်ဒီဘုရင် ဆယ်လ်မန်က ကာတာဘုရားဖူးအားလုံး ဝတ်ပြုဆုတောင်းနိုင်ရန်အတွက် ဆော်ဒီလေယာဉ်များအား ၎င်းကကုန်ကျစရိတ်ပေး၍ ခေါ်ဆောင်လာရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ ဦးဆောင်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနိုင်ငံ နှင့်အီဂျစ်နိုင်ငံတို့သည် ကာတာနိုင်ငံအား အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇွန်လတွင် သံတမန် နှင့် စီးပွားရေး ဆက်သွယ်မှုများကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ကာတာနိုင်ငံအား ပိတ်ဆို့တားဆီးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီသည် ကာတာနှင့် ထိစပ်နေသော ၎င်း၏ ကုန်းလမ်းမနယ်စပ်များကို ပိတ်ခဲ့ပြီး ၎င်း၏ လေပိုင်နက်အတွင်းကာတာလေယာဉ်များ ဖြတ်သန်းသွားလာမှုကို တားမြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.