Connect with us

Africa & Middle East

ထရီပိုလီမြို့ တိုက်ပွဲများ၌ သေဆုံးသူဦးရေ ၁၄၇ ဦးအထိရှိ

ထရီပိုလီမြို့အတွင်း ကင်းလှည့်နေကြသောလစ်ဗျားအစိုးရတပ်ဖွဲ့ဝင်များ ကို တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီတီး၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် မြို့တော်ထရီပိုလီ အတွင်းနှင့်အနီးပတ်ဝန်းကျင်၌ဖြစ်ပွားလျက်ရှိသော ကုလသမဂ္ဂ ထောက်ခံသည့်လစ်ဗျားအစိုးရတပ်ဖွဲ့များနှင့် နိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့များအကြားတိုက်ပွဲများ ကြောင့် သေဆုံးသူဦးရေမှာ ၁၄၇ ဦးနှင့် ဒဏ်ရာရသူ ၆၁၄ ဦးရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဧပြီလ ၁၄ ရက်ကပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထရီပိုလီမြို့တိုက်ပွဲများ၌ သေဆုံးသူဦးရေမှာ ၁၄၇ ဦးနှင့် ဒဏ်ရာရသူ ၆၁၄ ဦးရှိပြီဖြစ်ကြောင်း၊ပြင်းထန်စွာတုံလှုပ်ခြောက်ခြားမှုကိုအဆက်မပြတ်ခံစားနေကြရသည့် လူနာများအား ကုသပေးရန် ဆေးရုံများသို့ခွဲစိတ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့ကြောင်း ကြေညာချက်တွင်ဖေါ်ပြခဲ့သည်။

လစ်ဗျား၌ ခါလီဖာ ဟတ်ဖ်တာ(Khalifa Haftar) ခေါင်းဆောင်သောနိုင်ငံအရှေ့ပိုင်းကြီးစိုးသည့်တပ်ဖွဲ့ များက ကုလသမဂ္ဂထောက်ခံသည့်လစ်ဗျားအစိုးရတပ်ဖွဲ့များ အခြေစိုက်ရာ ထရီပိုလီမြို့ကိုဧပြီလဆန်း မှစ၍တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လစ်ဗျားတွင် ခေါင်းဆောင်ဟောင်းဖြစ်သူ မူအမ်မာ ကဒတ်ဖီး ၂၀၁၁ ခုနှစ်တွင် ကျဆုံးပြီးနောက်နိုင်ငံ ၏ ဒီမိုကရေစ ီအသွင်ကူးပြောင်းရေးကြိုးပမ်းမှုမှာ မလုံခြုံမှုများနှင့် နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖရိုဖရဲဖြစ်မှုများ ဖြင့်ရင်ဆိုင်နေရသည်။(Xinhua)