Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ တွင် ပထမ ဦးဆုံး သော နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို စတင် တည်ဆောက်

ဆော်ဒီအာရေဗျ နိုင်ငံ အိမ်ရှေ့မင်းသား Mohammad Bin Salman Al Saud အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ ၏ ပထမ ဦးဆုံးသော နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို စတင် တည်ဆောက်ခြင်း အခမ်းအနား အား နိုဝင်ဘာ ၅ ရက် တွင် မြို့တော် ရီယာ့ဒ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဆော်ဒီအာရေဗျ နိုင်ငံ အိမ်ရှေ့မင်းသား Mohammad Bin Salman Al Saud က ဦးဆောင်၍ ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ဆော်ဒီအာရေဗျ နိုင်ငံ ၏ နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို ဒီဇိုင်း သည် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အဖွဲ့အစည်း ၏ လုံခြုံရေး သတ်မှတ်ချက်များ နှင့် ကိုက်ညီကြောင်း ၊ ဓာတ်ပေါင်းဖို အား Saud bin Abdulaziz Al Saud ဘုရင် သိပ္ပံ နှင့် နည်းပညာ စီးတီး မှ သိပ္ပံပညာရှင် များနှင့် နိုင်ငံတကာ မှ ပညာရှင်များ က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ဓာတ်ပေါင်းဖို အား လာမည့်နှစ် နှစ်ကုန်ပိုင်း အချိန်တွင် တည်ဆောက်မှု ပြီးစီရန် စီစဉ်ထားကြောင်း ၊ ဓာတ်ပေါင်းဖို တည်ဆောက်ခြင်းဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ မှ တွန်းအားပေး ဆောင်ရွက်နေသည့် နျူကလီးယား စွမ်းအင် စက်မှုလုပ်ငန်းသုံး သုတေသန နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အပိုင်း အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရှိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ က ၂၀၁၆ ခုနှစ် တွင် “၂၀၃၀ မျှော်မှန်းချက်” စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ် ကို ထုတ်ပြန်ခဲ့ပြီး ယင်းမျှော်မှန်းချက် အရ ရေနံ မဟုတ်သော အခြားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အမျိုးအစား စုံလင်သည့် စီးပွားရေး ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.