Connect with us

Africa & Middle East

ဇင်ဘာဘွေနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၄၇ ဦးသေဆုံး

ဇင်ဘာဘွေနိုင်ငံ၌ လူပေါင်း ၄၇ ဦးသေဆုံးခဲ့ရသည့် ယာဉ်မတော်တဆမှုမြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟာရာရီ ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ၌ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဘတ်စ်ကားနှစ်စီးခေါင်းချင်းဆိုင် အပြင်းအထန် တိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၄၇ ဦးသေဆုံးသွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Paul Nyathi က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ယာဉ်တိုက်မှုသည် ဇင်ဘာဘွေနိုင်ငံမြို့တော် ဟာရာရီမြို့မှ ၁၅၆ ကီလိုမီတာအကွာ Manicaland ပြည်နယ် Rusape မြို့အနီး၌ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

Nyathi က လူပေါင်း ၄၇ ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားရခြင်း အသေးစိတ်အကြောင်းအရာကို မသိရှိရသေးကြောင်း ဆိုသည်။

“ ဟာရာရီမြို့တော်မှ ၁၅၆ ကီလိုမီတာကွာဝေးတဲ့ Rusape မြို့အဝင် တိုးဂိတ်အကျော်လေးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၇ ဦးသေဆုံးသွားပါတယ်။ အချင်းဖြစ်နေရာကို ကျွန်တော်တို့သွားရောက်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ ၄၇ ဦးအနက် ၄၅ ဦးမှာ အရွယ်ရောက်ပြီးသူဖြစ်ပြီး နှစ်ဦးမှာ ကလေးငယ်များဖြစ်ကြောင်း Nyathi က ဆိုသည်။အချင်းဖြစ် ဘတ်စ်ကားနှစ်စင်းသည် ပြည်တွင်းအဝေးပြေးယာဉ်လိုင်း Bolt Cutter နှင့် Smart Express တို့မှ ပိုင်ဆိုင်သော မော်တော်ယာဉ်များဖြစ်ကြသည်။

အချင်းဖြစ်နေရာသို့ရဲတပ်ဖွဲ့က သွားရောက်နေဆဲဖြစ်ပြီး သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.