Connect with us

Africa & Middle East

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းတွင် ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

ငလျင်ကြိမ်နှုန်းပြ ဂရပ်ပုံစံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီဂူ့စ်စီဂယ်လ်ပါ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကာရေဘီယံပင်လယ်အတွင်းရှိ ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းတွင် ဇန်နဝါရီလ ၉ ရက်ညပိုင်းက ပမာဏ ၇.၆ ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနီးဝန်းကျင်ရှိ ပင်လယ်ကမ်းခြေများ၌ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ငလျင်ဗဟိုချက်ဖြစ်သော ဟွန်ဒူးရပ်စ် မြောက်ပိုင်းကမ်းရိုးတန်းသည် လူနေနည်းပါးသည့် နေရာဖြစ်သည်။ ယင်းနေရာ၌ ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူများ သို့မဟုတ် အပျက်အစီး သတင်းများ မရှိသေးဟုဆိုသည်။

ငလျင်လှုပ်ပြီးနောက် Puerto Rico ကျွန်းနှင့် အမေရိကန်ပိုင် ကျွန်းများ၌ ဆူနာမီ သတိပေးချက်အား ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ထုတ်ပြန်လိုက်သည်။ ပင်လယ်လှိုင်းများမှာ ရေမျက်နှာပြင်အထက် ၁ မီတာ (၃ပေ) ခန့်အထိ ရှိနိုင်ကြောင်း ယင်းစင်တာက သတိပေးထားသည်။

အဆိုပါ ငလျင်အား မူလက ပမာဏ ၇.၈ ရှိသည်ဟု USGS က ဒေသစံတော်ချိန် ည ၁၀း၅၁ နာရီတွင် တိုင်းတာခဲ့ပြီး Great Swan ကျွန်းအရှေ့ဘက် ၂၇ မိုင် (၄၄ ကီလိုမီတာ) အား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဟွန်ဒူးရပ်စ် ဆူနာမီလှိုင်းလုံးများသည် ငလျင်ဗဟိုချက်နေရာမှ ၁၀၀၀ ကီလိုမီတာအတွင်းရှိ မက္ကဆီကို၊ ကျူးဘား၊ ကော်စတာရီကာနှင့် အခြားနိုင်ငံများရှိ ကမ်းရိုးတန်းများသို့ သက်ရောက်မှုရှိနိုင်ကြောင်း USGS က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.