Connect with us

Africa & Middle East

မော်ရိုကို-စပိန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲရန် နည်းလမ်းများ ဆွေးနွေး

မော်ရိုကို နိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားများ လာရောက်ရာ နေရာ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရာဘတ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

မော်ရိုကို နိုင်ငံ နှင့် စပိန် နိုင်ငံတို့သည် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို ခိုင်မာလာစေရန် နှင့် တိုးတက် ပြောင်းလဲလာရန် နည်းလမ်းများအား ဧပြီ ၉ ရက်တွင် မော်ရိုကို နိုင်ငံ မြို့တော် ရာဘတ်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေး အတွင်း မော်ရိုကို အမျိုးသား ကာကွယ်ရေး အဖွဲ့ကိုယ်စားလှယ် ဝန်ကြီး Abdeltif Loudyi နှင့် စပိန် ကာကွယ်ရေး ဝန်ကြီး Angel Olivares Ramirez တို့အကြား ကာကွယ်ရေး ကဏ္ဍတွင် နှစ်နိုင်ငံ နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာ မျှော်လင့်ချက်များ အပေါ် သဘောတူခဲ့ကြောင်း မော်ရိုကို အမျိုးသား ကာကွယ်ရေး စီမံခန့်ခွဲမှု ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မော်ရိုကို – စပိန် နှစ်နိုင်ငံသည် သဘောၤ တည်ဆောက်ရေး ၊ လေကြောင်း နှင့် ရွေ့လျား မော်တော်ယာဉ် ထုတ်လုပ်မှု နယ်ပယ်များတွင် အပြန်အလှန် အကျိုးရှိသော မိတ်ဖက်များ အဖြစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်ရိုကို – စပိန် နှစ်နိုင်ငံ တာဝန်ရှိသူများက အကြမ်းဖက် ဆန့်ကျင် တိုက်ဖျက်ရေး နှင့် ရွှေ့ပြောင်း သွားလာမှု အကျပ်အတည်း စီမံခန့်ခွဲမှုများတွင် ကျေနပ်စေသော ရလဒ်များ ရရှိခဲ့မှုများလည်း အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။

စပိန် ကာကွယ်ရေး ဝန်ကြီး Angel Olivares Ramirez ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မော်ရိုကို နိုင်ငံသို့ နှစ်ရက်ကြာ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.