Connect with us

Africa & Middle East

လစ်ဗျားတွင် အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၂၂ဦးသေဆုံး

လစ်ဗျားနိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အသေခံကားဗုံးဖောက်ခွဲမှု တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ဂါဇီ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် သြဂုတ် ၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားကာ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သည့် အတွက် အနည်းဆုံး လူ ၂၂ဦးသေဆုံးခဲ့ကြောင်း စစ်ဘက် နှင့် ဆေးကုသရေး သတင်းအရင်းအမြစ်များ ကပြောကြားခဲ့သည်။

ဘန်ဂါဇီမြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးပေါက်ကွဲမှုကြောင့် လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ဗုံးဖောက်ခွဲမှုအား အစ္စလာမ်မစ် စစ်သွေးကြွ ညွှန့်ပေါင်းအဖွဲ့ တစ်ခုဖြစ်သည့် Shura Council of Benghazi Rebels အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
Shura Council of Benghazi Rebels အဖွဲ့ သည် ဂွာရှာဒေသ ၌ ဟောင်ဝစ်ဇာအမြောက်များ နှင့် စုရုံးရောက်ရှိနေသည့် လစ်ဗျားဗိုလ်ချုပ်ကြီး Hafter ၏ တပ်ဖွဲ့ အား ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ၎င်းတို့၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။
ကုလသမဂ္ဂကကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးထားသည့် လစ်ဗျားအစိုးရ ၏ တောင်းဆိုချက်အရ အမေရိကန်နိုင်ငံက Sirte မြို့တွင် သြဂုတ် ၁ရက် က IS စစ်သွေးကြွအဖွဲ့အား ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်အပြီး တွင် ယင်း ဗုံးပေါက်ကွဲမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဘန်ဂါဇီမြို့သည် လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီ (Muammar Gaddafi) အား ဖြုတ်ချခဲ့သည့် ၂၀၁၁ခုနှစ် တော်လှန်ရေး စတင်ဖြစ်ပွား ဒေသဖြစ်ပြီး ဗိုလ်ချုပ်ကြီး Khalifa Haftar က မြို့အတွင်း ရှိ စစ်သွေးကြွများအား သုတ်သင်ရှင်းလင်းသော စစ်ဆင်ရေး စတင်ပြုလုပ်ခဲ့သည့် ၂၀၁၄ခုနှစ် မေလ ကတည်းက စ၍ ဘန်ဂါဇီမြို့တွင် စစ်သွေးကြွအုပ်စု နှင့် အစိုးရတပ်များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ အား ကျောထောက်နောက်ခံပြုထားသည့် အစိုးရ၏ တပ်များကလည်း Sirteမြို့တွင် IS စစ်သွေးကြွအဖွဲ့များအား အပြင်းအထန်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.