Connect with us

Africa & Middle East

Emirates လေကြောင်းမှ လေယာဉ် ဒူဘိုင်း လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရ၊ ခရီးသည်များ ဘေးကင်း

ဒူဘိုင်း လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည့် Emirates လေကြောင်းမှ လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒူဘိုင်း၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ သီရူဗန်နန်သာပူရမ်မှ ဒူဘိုင်းသို့ သွားသည့် ခရီးစဉ်တွင် ဒူဘိုင်း နိုင်ငံပိုင် Emirates လေကြောင်း လိုင်းမှ ဘိုးရင်း 777-300 လေယာဉ်သည် သြဂုတ်လ ၃ ရက်တွင် ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ဒေသဆိုင်ရာ မီဒီယာ၌ ဖော်ပြထားသည်။

ဒူဘိုင်း နေ့စဉ် သတင်းစာ ဖြစ်သည့် Gulf News အရ ခရီးသည်များအားလုံး ဘေးကင်းကြောင်းနှင့် အမဲရောင် မီးခိုးလုံးများအား အခင်းဖြစ်ပွားသည့် နေရာ ရုပ်သံ ရိုက်ကူးရေး လုပ်နေစဉ်တွင်ပင် မြင်တွေ့နိုင်ကြောင်း၊ လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်များတွင် အိန္ဒိယနိုင်ငံသားများ အများစု ပါဝင်ကြောင်း သိရသည်။
ယင်း မတော်တဆမှုသည် သြဂုတ်လ ၃ ရက် ဒေသစံတော်ချိန် နေ့လည် ၁၂း၄၅ နာရီအချိန်တွင် ဖြစ်ပွားခဲ့ ကြောင်း Emirates လေကြောင်းက ၎င်း၏ တွစ်တာ အကောင့်၌ အတည်ပြု ရေးသားထားသည်။
လက်ရှိအချိန်တွင် အဆိုပါ လေဆိပ်၌ လေယာဉ် ဆင်းသက်ခြင်းနှင့် ထွက်ခွာခြင်းများ မပြုလုပ်နိုင်သေးကြောင်း Gulf News ၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.