Connect with us

Africa & Middle East

အနောက်နိုင်ငံ များက နိုင်ငံ အတွင်းရှိ အစွန်းရောက် အဖွဲ့အစည်း များအား ထောက်ပံ့နေ သဖြင့် ပြစ်တင်ဝေဖန်ကြောင်း ဆီးရီးယား ထုတ်ပြန်

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် တစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဦးဆောင်သည့် အနောက်နိုင်ငံ များသည် ဆီးရီးယား နိုင်ငံ အတွင်းရှိ အစွန်းရောက် အဖွဲ့အစည်းများကို လက်နက်များ ကူညီထောင်ပံ့နေသဖြင့် ပြစ်တင်ဝေဖန်ကြောင်း ဆီးရီးယား နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန က အောက်တိုဘာ ၉ ရက်နေ့၌ ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့သည်။

ကြေညာချက်တွင် ဆီးရီးယားအရေး ဖြစ်ပွားလာချိန် မှစ၍ ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် နေရာ အနှံ့အပြားတွင် အနောက်နိုင်ငံ မှ ထုတ်လုပ်သည့် လက်နက်အမြောက်အများ ကို သိမ်းဆီး ရရှိခဲ့ပြီး IS အစွန်းရောက် အဖွဲ့အစည်း ၏ တပ်စခန်းများတွင်လည်း အမေရိကန် နိုင်ငံ မှ ထုပ်လုပ်သည့် လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆီး ရရှိခဲ့ကြောင်း ဖေါ်ပြထားသည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက်တွင် အစွန်းရောက် အဖွဲ့အစည်းများတွင် ပခုံးထမ်း ဒုံးကျည်များ ၊ စက်သေနတ်များ ၊ လေကြောင်း ကာကွယ်ရေး လက်နက်များ နှင့် တင့်ကား များကိုပင် သိမ်းဆီးရရှိခဲ့ကြောင်း ၊ အစွန်းရောက် အဖွဲ့အစည်း များအနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ယင်း လက်နက်များကို ရရှိနိုင်သော်လည်း အမေရိကန် နိုင်ငံ ၏ ကူညီထောက်ပံ့မှု အောက်၌သာ ယင်းကဲ့သို့သော် လက်နက်များကို ရရှိနိုင်မည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

အမေရိကန် နိုင်ငံ က တူရကီ နိုင်ငံ အတွင်း လေ့ကျင့်သင်ကြားပေးခဲ့သည့် လက်နက်ကိုင် တပ်ဖွဲ့များသည် Al-Qaeda အစွန်းရောက် အဖွဲ့အစည်း သို့ရောက်ရှိသွားခဲ့ကြပြီး ဂျော်ဒန် နိုင်ငံ တွင် လေ့ကျင့် သင်ကြားပေးခဲ့သည့် လက်နက်ကိုင် အဖွဲ့များသည်လည်း IS အစွန်းရောက် အဖွဲ့အစည်း သို့ရောက် ရှိသွား ခဲ့ကြောင်းလည်း ထုတ်ပြန်ကြေညာချက် တွင် ပါဝင် ခဲ့သည်။

အချိန် ၆ နှစ်ကြာရှိခဲ့ပြီး ဖြစ်သည့် ဆီးရီးယား အရေး သည် ဆီးရီးယား နိုင်ငံ ပြည်သူလူထု များအတွက် နက်ရှိုင်းသည့် ဘေးဒုက္ခ ကျရောက်စေခဲ့ပြီး လေ့လာသုံးသပ်ရေး ပညာရှင်များ က အမေရိကန် နိုင်ငံ ၏ ဝင်ရောက်စွက်ဖက်ရေး မူဝါဒ သည် ဆီးရီးယား နိုင်ငံ ၌ ဘေးဒုက္ခ ကျရောက်စေခဲ့သည့် အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.