Connect with us

Africa & Middle East

အမေရိကန်၏ မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှု ကြောင့် ယီမင်တွင် ထိပ်တန်း အယ်ကိုင်ဒါ ခေါင်းဆောင် သေဆုံး

ယီမင် အခြေစိုက် အယ်ကိုင်ဒါ အဖွဲ့ ထိပ်တန်း ခေါင်းဆောင် Jalal Baleidi အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဒမ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း Abyan ပြည်နယ်၏ ကန္တာရဒေသတွင် ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်းက ယီမင် အခြေစိုက် အယ်ကိုင်ဒါ အဖွဲ့ ထိပ်တန်း ခေါင်းဆောင်စီးနင်းလာသည့် ကားအား အမေရိကန်နိုင်ငံ၏ မောင်းသူမဲ့ လေယာဉ် ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းအပါအဝင် ၎င်း၏အစောင့် နှစ်ယောက် တို့ သေဆုံး ခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများကို ဆင်ဟွာ သို့ပြောကြားခဲ့သည်။

အယ်ကိုင်ဒါခေါင်းဆောင် Jalal Baleidi အား မကြာသေးမီက IS စစ်သွေးကြွ အုပ်စု၏လက်အောက်ခံ ယီမင် အခြေစိုက် စခန်း၏ ခေါင်းဆောင်အဖြစ် တင်မြောက်ထားကြောင်း သိရသည်။

Baleidi သည် ယီမင်တပ်ဖွဲ့၏ အခြေစိုက်စခန်းများအား တိုက်ခိုက်ရန် ကြိုးကိုင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး နိုင်ငံ၏ တည်ငြိမ်မှု မရှိသည့် တောင်ပိုင်းဒေသ ရှိ မြို့များတွင်လည်း အကြမ်းဖက်မှုများကို ဦးဆောင်ခဲ့ကြောင်း သိရသည်။

Baleidi သေဆုံးသည့် သတင်းနှင့် ပတ်သက်၍ အယ်ကိုင်ဒါဘက်က မှတ်ချက် ပေးခြင်းမရှိကြောင်း သိရသည်။

ယီမင်နိုင်ငံသည် အယ်ကိုင်ဒါ၊ IS နှင့် အခြား အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများ အခြေစိုက်ရာ နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း Shabwa၊ Abyan နှင့် al-Baydha ပြည်နယ်တို့ရှိ လူမျိုးစုဒေသများတွင် အကြမ်းဖက်လှုပ်ရှားမှု များ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.