Connect with us

Africa & Middle East

ရုရှား စစ်ရေး အကြံပေး ဆီးရီးယားတွင် ကျဆုံး

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဆီးရီးယား သမ္မတ အာဆတ်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားတွင် အကြမ်းဖက်များက စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် ရုရှား စစ်ရေး အကြံပေး တစ်ဦး သေဆုံး ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ ဒေသခံ မီဒီယာက တင်ပြထား သည်။

ဖေဖော်ဝါရီလ ၁ ရက်က ဆီးရီးယား စစ်တပ် အခြေစိုက်ထားသည့် နေရာတစ်ခု ဖြစ်သည့် မြို့စောင့်တပ်စခန်း တစ်ခုကို အိုင်အက်စ် အကြမ်းဖက် အုပ်စုက ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ပြီး အဆိုပါ အရာရှိ တစ်ဦးမှာ သေလောက်သော ဒဏ်ရာ ရရှိခဲ့ကြောင်း ဝန်ကြီး၏ ပြောကြားချက်အား ကိုးကား၍ RIA Novosti သတင်း အေဂျင်စီက ဖော်ပြထားသည်။

ရုရှား စစ်ရေးအကြံပေးသည် စစ်တပ် အချင်းချင်း စစ်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် အရ ဆီးရီးယား စစ်တပ်အတွင်းစစ်လက်နက်သစ်များ သုံးစွဲရာတွင် ကူညီရန် ဆီးရီးယားသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း အစီရင်ခံစာ အရ သိရသည်။

အဆိုပါ ကျဆုံးသွားသူအရာရှိမှာ နိုင်ငံ ဂုဏ်ဆောင်ဆု ချီးမြှင့်ခံရမည် ဖြစ်ပြီး ၎င်းမှာ မည်သူမည်ဝါဖြစ်ကြောင်း နှင့် မည်သည့်နေရာတွင် တိုက်ခိုက်ခံရကြောင်း အသေးစိတ်ကိုမူ ထုတ်ဖော်မပြောဆိုထားပေ။ ၎င်းမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ နှောင်းပိုင်းတွင် အစ္စလာမ်မစ် စတိတ် (IS) အဖွဲ့အား ရုရှားက လေကြောင်းဖြင့် ပစ်မှတ် ထား တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း သုံးယောက်မြောက် သေဆုံးခဲ့သည့် ရုရှား စစ်ရေး အရာရှိ တစ်ဦးလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.