Connect with us

Africa & Middle East

ကမ္ဘောဒီးယား အလှကုန်အတု တန် ၃၀ ဖမ်းမိ

၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်တွင် ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာ အလှကုန် ပြပွဲရှိ အလှကုန် ကောင်တာ တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်ပြည်နယ် တောင်ဘက်တွင် နေရာ နှစ်ခု၊ ဖနွမ်းပင်တွင် နေရာ တစ်ခုစသဖြင့် တရားမဝင် ထုတ်လုပ်မှု လုပ်နေသည့် နေရာ သုံးခုအား ရုတ်တရက် ဝင်ရောက် ဖမ်းဆီးခဲ့ရာ အလှကုန်အတု တန် ၃၀ ခန့် ဖမ်းဆီးမိခဲ့ကြောင်း အလှကုန် အတု ဆန့်ကျင်ရေး ကော်မတီ ကြေညာချက်အရ သိရသည်။

အဆိုပါ အလှကုန်အတု ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်း ကိရိယာများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။“တရုတ်၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ ဂျပန် စတဲ့နိုင်ငံတွေက နာမည်ကြီး တံဆိပ်တွေကို အတုလုပ်တဲ့ အလှကုန်တွေပါ” ဟု ကြေညာချက်တွင် ပြောကြားထားပြီး ယင်း အလှကုန်အတုများမှာ လူထု ကျန်းမာရေးနှင့် လူမှုဘဝ လုံခြုံမှုအတွက် ဆိုးဝါးစွာ ထိခိုက်စေကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

သတင်း ထုတ်ပြန်ချက်အရ ဈေးကွက်အတွင်း သံသယရှိ အလှကုန် အသစ် သတင်းများအား ကော်မတီမှ ရရှိပြီးနောက် ယခုလို ဖမ်းဆီးမှု ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)