Connect with us

Africa & Middle East

ဘဂ္ဂဒက်မြို့လယ်တွင် ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၈ဦးအထိမြင့်တက်လာ

ဘဂ္ဂဒက်မြို့တွင်ဖြစ်ပွားခဲ့သည့် အသေခံဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၃၁ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့တွင် ဒီဇင်ဘာ ၃၁ရက်က ဗုံးနှစ်လုံးဆင့်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေ ၂၈ဦးအထိရှိလာပြီး ၅၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

Sinak ဧရိယာရှိ ကားအပိုပစ္စည်းဈေးတန်းအတွင်း ဒီဇင်ဘာ ၃၁ရက် နံနက်ပိုင်းက အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးမကြာမီ အဆိုပါဧရိယာရှိ စာတိုက်ရုံးနား၌ နောက်ထပ် အသေခံဗုံးဖောက်ခွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။အဆိုပါနေ့ အစောပိုင်းတွင်ပင် အဆိုပါ တိုက်ခိုက်မှုများကြောင့် လူ ၁၉ဦးသေဆုံးပြီး ၄၅ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။အသေခံဗုံးခွဲတိုက်ခိုက်မှုအား မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရှိရသေးသော်လည်း အလားတူ ဗုံးခွဲတိုက်ခိုက်မှုမျိုးကို IS စစ်သွေးကြွအုပ်စုက အများဆုံးလုပ်ဆောင်တတ်ကြောင်း သိရသည်။အီရတ်နိုင်ငံတစ်ဝန်း နိုဝင်ဘာလအတွင်း အကြမ်းဖက်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် အီရတ်နိုင်ငံသား ၂,၈၈၅ဦးသေဆုံးခဲ့ပြီး ၁,၃၈၀ဦးဒဏ်ရာရရှိခဲ့ကြောင်း အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂထောက်ပံ့ရေးအဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)