Connect with us

Africa & Middle East

တိုက်လေယာဉ် F-35 တည်ဆောက်ရေး ကန် ဒေါ်လာ ၄၅၀ သန်း စာချုပ် Lockheed Martin ရရှိ

F-35 တိုက်ခိုက်ရေး လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံအတွက် တိုက်လေယာဉ် F-35 တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၄၅၀ တန်ကြေးရှိသော စာချုပ်အား ကမ္ဘာလုံးဆိုင်ရာ အမေရိကန် လေကြောင်း ကုမ္ပဏီ Lockheed Martin က ရရှိသွားကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ဒီဇင်ဘာလ ၂၉ ရက်က ကြေညာလိုက်သည်။

ယခု စာချုပ်သည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများအတွက် မော်ဒယ် အမျိုးမျိုးပါဝင်သည့် F-35 တိုက်လေယာဉ် ၉၄ စင်း ထုတ်လုပ်မည့် ဒေါ်လာ သန်း ၉၂၀ တန် သဘောတူ စာချုပ်အား ပြုပြင်မွမ်းမံ ချုပ်ဆိုထားခြင်းလည်း ဖြစ်သည်။“အခုလို စာချုပ်ကို ပြုပြင်မွမ်းမံခြင်းဟာ စစ်တပ်ရဲ့ ပြည်ပ စစ်ဘက်ဆိုင်ရာ လက်နက် ရောင်းချရေး အစီအစဉ်အရ တောင်ကိုရီးယားကို F-35A လေကြောင်း စနစ် ဖွံ့ဖြိုးရေးနှင့် လွှဲပြောင်းရေး အကောင်အထည်ဖော်ရာတွင် ပေါင်းစည်း လုပ်ဆောင်မယ်ဆိုတဲ့ သဘောပါ” ဟု ကြေညာချက်၌ ဖော်ပြထားသည်။အဆိုပါ လုပ်ငန်းအား တက္ကဆက်ပြည်နယ် ဖို့ဝါ့သ်မြို့တွင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည် ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ ပြည်ပ စစ်ဘက်ဆိုင်ရာ လက်နက်ရောင်းချရေး အစီအစဉ်က နိုင်ငံခြား အစိုးရနှင့် အမေရိကန် လက်နက် ထုတ်လုပ်သူများအကြား စာချုပ် ချုပ်ရာတွင် ပင်တဂွန် စစ်ဋ္ဌာနချုပ်ကို ပိုမို လွယ်ကူချောမွေ့စေသည်။လက်ရှိတွင် F-35 လေယာဉ်များသည် ကုန်ကျစရိတ် များပြားကြောင်း ရွေးကောက်ခံ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားပြီး Air Force Ones လေယာဉ်သစ်အား Boeing ကုမ္ပဏီက တည်ဆောက်ရာတွင် ဒေါ်လာ ၄ ဘီလီယံ ကုန်ကျနေသည်မှာ ဈေးကြီးကြောင်း စောဒကတက်ထားသည်။ (Xinhua)