Connect with us

Africa & Middle East

တရုတ်ဘဏ် ICBC က ဆော်ဒီစွမ်းအင်ကုမ္ပဏီ အား ချေးငွေ ဒေါ်လာ ၁.၅ ဘီလီယံ ထုတ်ပေး

ဆော်ဒီအာရေဗျနိုင်ငံတွင် ဆောက်လုပ်မည့် Shuqaiq ဓါတ်အားပေးစက်ရုံ ပုံတူအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဆော်ဒီ လျှပ်စစ် ကုမ္ပဏီ (SEC) သည် ဇွန်လ ၂၉ ရက် က စက်မှုလုပ်ငန်း နှင့် စီးပွားရေး ဆိုင်ရာ တရုတ်ဘဏ် (ICBC) ထံ မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ချေးငွေရရှိရန် သဘောတူညီချက် တစ်ခု အား လက်မှတ် ရေးထိုးခဲ့ကြောင်း Al Eqtisadiya အွန်လိုင်း သတင်းဋ္ဌာန က ဇွန်လ ၃၀ ရက်တွင် သတင်း ဖော်ပြခဲ့သည်။

ယင်း ငါးနှစ်ကြာ ချေးငွေ အား ဆော်ဒီကုမ္ပဏီ၏ မြို့တော်စီမံကိန်းများ အတွက် ရန်ပုံငွေအဖြစ် အသုံးပြု သွားမည် ဖြစ်ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။
ဇွန်လ အစောပိုင်းတွင် လည်း SEC သည် ပို့ကုန်-သွင်းကုန် ကိုရီးယားဘဏ် နှင့် အမေရိကန်ဒေါ်လာ သန်း၉၀၀ ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အခြားနိုင်ငံတကာ ခေါင်းဆောင်များ နှင့် လည်း Shuqaiq ဓါတ်အားပေး စက်ရုံသစ်တည်ဆောက်ရေး အတွက် ငွေကြေးဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.