Connect with us

Africa & Middle East

IS အစွန်းရောက် အဖွဲ့အစည်း က အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်းဒေသ တွင် ကလေးစစ်သား အနည်းဆုံး ၃၀၀ ခန့် လေ့ကျင့်သင်ကြား ပေးခဲ့

IS အစွန်းရောက် အဖွဲ့အစည်း တပ်ဖွဲ့ဝင်များအတွင်း မှ ကလေးစစ်သား တစ်ဦး ပါဝင်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ IS အစွန်းရောက် အဖွဲ့အစည်း က ၎င်းတို့ ထိန်းချုပ် ထားသည့် အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း Jowzjan ပြည်နယ်ရှိ ဒေသ အချို့ တွင် အစွန်းရောက် ဝါဒ များကို ဖြန့်ဝေ ခဲ့ပြီး ကလေး စစ်သားပေါင်း အနည်းဆုံး ၃၀၀ ကို လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။

IS အစွန်းရောက် အဖွဲ့အစည်း က ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသ များတွင် တပ်သား စုဆောင်းခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး ဆင်းရဲနွမ်းပါးသည့် ဒေသတွင်းရှိ ပြည်သူများ မှာလည်း ကလေးငယ်များ အား IS အစွန်းရောက် အဖွဲ့အစည်း သို့ ပေးအပ် ခဲ့ရပြီး IS အစွန်းရောက် အဖွဲ့အစည်း က ကလေးငယ်များ အား အစွန်းရောက် ဝါဒ များကို ပို့ချပေးခဲ့ကြောင်း သတင်း ဖော်ပြချက်များ အရ သိရှိခဲ့ရသည်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း မှ စတင်၍ IS အစွန်းရောက် အဖွဲ့အစည်း သည် အာဖဂန်နစ္စတန် နိုင်ငံ အတွင်းသို့ စိမ့်ဝင်လာ ခဲ့ပြီး အစိုးရ ထိန်းချုပ်မှု အားနည်းသည့် ဒေသများတွင် အစွန်းရောက် ဝါဒ များကို စတင် ဖြန့်ဝေ ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် အာဖဂန်နစ္စတန် နိုင်ငံ အတွင်း IS အစွန်းရောက် အဖွဲ့အစည်း မှ လက်နက်ကိုင် တပ်ဖွဲ့ အင်အား ၆၀၀ မှ ၈၀၀ အထိ တည်ရှိနေပြီး ဖြစ်ကြောင်း ၊ လတ်တလော နှစ်ပိုင်းတွင် အာဖဂန်နစ္စတန် နိုင်ငံ အမျိုးသား လုံခြုံရေး တပ်ဖွဲ့ မှ IS အစွန်းရောက် အဖွဲ့အစည်း အား ချေမှုန်းသည့် စစ်ဆင်ရေး များကို တိုးမြှင့် ဆောင်ရွက်လာသော်လည်း အချို့ဒေသများတွင် IS တပ်ဖွဲ့ ၏ လှုပ်ရှားမှုများမှာ လွန်စွာ တက်ကြွနေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)