Connect with us

Africa & Middle East

လူ ၁၀၀ ခန့် မြှုပ်နှံထားသည့် နေရာတစ်ခု ဆီးရီးယား အရှေ့ပိုင်းတွင် ဖော်ထုတ်နိုင်ခဲ့

လူအစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒမာစကက်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

သေဆုံးသူ ၁၀၀ ခန့်အား မြှုပ်နံှထားသည့် နေရာ တစ်ခုအား ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ဒေသ တွင် ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်း အေဂျင်စီ SANA ၌ ဖေဖော်ဝါရီလ ၁၄ ရက်က ဖော်ပြထား သည်။

၎င်းနေရာအား Deir al-Zour ကျေးလက် ဒေသ အရှေ့ပိုင်းရှိ Mrat မြို့နေ ဒေသခံများက မြို့နှင့် ၇ ကီလိုမီတာ တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အိုင်အက်စ် (IS) အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော လူ ၁၀၀ ခန့် အလောင်းများအား မြှုပ်ထားခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အနက် တချို့မှာ ကလေးငယ်များ ဖြစ်ကြောင်း SANA သတင်းအရ သိရသည်။

ဆီးရီးယား ပဋိပက္ခ အတွင်း IS အဖွဲ့က လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး Deir al-Zour အရှေ့ဘက်ရှိ Kshaikeh မြို့တွင်လည်း သေဆုံးသူ ၁၀ ဦးခန့်အား မြှုပ်နှံထားသည့် နေရာတစ်ခုကို လည်း တွေ့ရှိခဲ့သည်။

Deir al-Zour အနောက်ပိုင်းရှိ Hussainyeh မြို့ရှိ IS အခြေစိုက် နေရာများသို့ ဆီးရီးယား လေတပ်မှ ဆက်တိုက် ထိုးစစ်ဆင် ချေမှုန်းခဲ့ကြောင်း စစ်တပ် သတင်းရင်းမြစ် တစ်ခုအား ကိုးကား၍ SANA က ဖော်ပြ ထားသည်။

ကာလရှည် ဖြစ်ပွားနေသည့် ဆီးရီးယား ပြည်တွင်း စစ်ကြောင့် လူ အနည်းဆုံး ၂၅၀,၀၀၀ သေဆုံးခဲ့ရပြီး လူ ၁၁ သန်းမှာ နေအိမ်မှ စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.