Connect with us

Asia

ဗြိတိန်နိုင်ငံတွင် လော်ရီကားတစ်စီးအတွင်း အစုလိုက်အပြုံလိုက် သေဆုံးနေကြ သူများ မှာ ဗီယက်နမ်လူမျိုးများဖြစ်။

ဗြိတိန်နိုင်ငံ Essex ခရိုင်တွင် လူ ၃၉ ဦး၏အလောင်းများကို တွေ့ရှိရသော လော်ရီကားတစ်စီး၏ ကုန်သေတ္တာတစ်ခု အနီးတွင်ရဲတပ်ဖွဲ့ဝင်တစ်ဦးစစ်ဆေးမှုပြုနေစဉ်(ဆင်ဟွာ)

ဟနွိုင်၊ နိုဝင်ဘာလ ၂ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် လော်ရီကားတစ်စီးဖြင့်သယ်လာသောကုန်သေတ္တာတစ်ခုအတွင်းအစုလိုက်အပြုံလိုက် သေဆုံးနေကြသော ဗီယက်နမ်လူမျိုး ၃၉ ဦးနှင့်ပတ်သက်၍ ပျောက်ဆုံးနေသော၎င်းတို့မိသားစုများ၏ တိုင်ကြားချက်များအရဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဟာတင်းပြည်နယ်တွင် ရဲတပ်ဖွဲ့က လူနှစ်ဦးကိုဖမ်း ဆီးထားခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့အနေ နှင့်အမှုနှင့်ဆက်စပ်နေသော အခြားပုဂ္ဂိုလ်များကို ဖမ်းဆီးနိုင်ရေးအတွက် သက်သေအ ထောက်အထားများကိုရှာဖွေလျက်ရှိကြောင်းလည်းပြည်နယ်ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲငုယင်တိုင်းနမ် က နိုဝင်ဘာလ ၁ ရက်ကပြောခဲ့သည်။

ဗြိတိန်နိုင်ငံ Essex ခရိုင်တွင် လူ ၃၉ ဦး၏အလောင်းများကို လော်ရီကားတစ်စီး၏ ကုန်သေတ္တာတစ်ခု အတွင်းမှတွေ့ရှိပြီးနောက် ဟာတင်းပြည်နယ်အတွင်း ဗြိတိန်နိုင်ငံသို့အသွားလမ်းခရီးတွင်ပျောက်ဆုံး နေသောဆွေမျိုးများနှင့်ပတ်သက်၍ မိသားစု ၁၀ စု ကတိုင်ကြားမှုများပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့စုံစမ်းစစ် ဆေးမှုစတင်ကြောင်း အောက်တိုဘာလ ၃၁ ရက်ကတရားဝင်ကြေညာခဲ့သည်။

ဟာတင်းပြည်နယ်အာဏာပိုင်များကလူပျောက်တိုင်ထားသောမိသားစုဝင်များ၏မျိုးဗီဇများကိုစုဆောင်း  ၍ သေဆုံးသူများအား မည်သူမည်ဝါခွဲခြားသိနိုင်ရန် ဗြိတိန်သို့ပို့ပေးခဲ့သည်။

အလောင်းတွေ့ရှိရသူ ၃၉ ဦးက ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်များက အတည်ပြု ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံအနေဖြင့် များစွာကြေကွဲဝမ်းနည်းရပါကြောင်းဖြင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လီသီသူဟန် က နိုဝင်ဘာလ ၂ ရက်တွင်ပြောခဲ့သည်။၎င်းက ဗီယက် နမ်နိုင်ငံအနေဖြင့်လူကုန်ကူးမှုအားကြီးလေးသောရာဇဝတ်ပြစ်မှုအဖြစ်ယူဆ၍ပြင်းထန်စွာရှုံ့ချကြောင်း၊ ထိုက်တန်သောပြစ်ဒဏ်များလည်းချမှတ်ရမည်ဖြစ်ကြောင်း၊ဗြိတိန်နိုင်ငံအနေဖြင့် ဤအမှုတွင်စုံစမ်းစစ် ဆေးမှုမကြာမီပြီးစီးမည်ဟုမျှော်လင့်ကြောင်း၊ဤဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် တာဝန်ရှိသူများအားပြင်း ထန်စွာ အပြစ်ပေးမည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.