Connect with us

Asia

အိန္ဒိယတွင် ဘုရားကျောင်းအတွင်းရှိ အထွဋ်အမြတ် နေရာအထိ အမျိုးသမီးများ ဝင်ရောက်ဝတ်ပြု ကိုးကွယ် ခွင့်ပြု

Bhumata Ranragini Brigade အဖွဲ့ခေါင်းဆောင် ထရပ်တီ ဒီဆိုင်းနှင့်အဖွဲ့ဝင်များက ဧပြီလ ၈ ရက်က ရှာနီ ရှင်းဂါနာပါး ဘုရားကျောင်းအတွင်းသို့ ဝင်ရောက် ဝတ်ပြုနေကြစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရပ်ရှ်ထရာ ပြည်နယ်ရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခုတွင် အမျိုးသမီး ဝတ်ပြု သူများအား ဘုရားကျောင်းအတွင်းပိုင်း အထွဋ်အမြတ်နေရာအထိ ဝင်ရောက် ဝတ်ပြုကိုးကွယ်ရန် ဂေါပက အဖွဲ့က ဧပြီလ ၈ ရက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ခွင့်ပြုချက်နှင့်အတူ မဟာရပ်ရှ်ထရာပြည်နယ်၊ အာမတ်နာဂါခရိုင်ရှိ ရှာနီ ရှင်းဂါနာပါး ဘုရားကျောင်း၌ အမျိုးသမီးများအား နှစ်ပေါင်းလေးရာခန့် တားမြစ် ပိတ်ပင်ထားမှုကို အဆုံးသတ်နိုင်ခဲ့သည်။

ဘုရားကျောင်း အတွင်းပိုင်းအထိ အမျိုးသမီးများ ဝင်ရောက် ဝတ်ပြု ကိုးကွယ်ခွင့်ပြုရန် အမျိုးသမီး တက်ကြွ လှုပ်ရှားသူများက ကာလရှည် ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ဘုရားကျောင်အတွင်းသို့ ဝင်ရောက်ရန် အမျိုးသမီးများ၌ အခြေခံ အခွင့်အရေးရှိကြောင်း ဖော်ပြထားသော ဘုံဘေ တရားရုံးချုပ်၏ ညွှန်ကြားချက်တို့ကြောင့် ယခုကဲ့သို့ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်း ဘုရားကျောင်းမှာ လက်ရှိအချိန်အထိ အမျိုးသားများသာ ဝင်ရောက် ကိုးကွယ်ခွင့် ပြုထားခဲ့သည်။

ထရပ်တီ ဒီဆိုင်း (Trupti Desai) ဦးဆောင်သည့် Bhumata Ranragini Brigade ( အမိမြေ၏ အမျိုးသမီး စစ်သည်များ) အဖွဲ့က တက်ကြွ လှုပ်ရှားသူများသည် တစ်စုံတစ်ရာ တားမြစ်ခံရခြင်း မရှိဘဲ ရှာနီ ရှင်းဂါနာပါး ဘုရားကျောင်း၏ သန့်စင် မွန်မြတ်ရာနေရာသို့ ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများ ဘုရားကျောင်း အတွင်းသို့ ဝင်ရောက် ဝတ်ပြု ကိုးကွယ်ခွင့်ပြုရန် ပြည်နယ် အစိုးရအား တရား ရုံးမှ ညွှန်ကြားခဲ့ပြီးနောက် လွန်ခဲ့သည့် ရက်သတ္တပတ်က တက်ကြွလှုပ်ရှားသူများအား ရွာသားများနှင့် ဘုရားကျောင်း ဂေါပကအဖွဲ့ဝင်များက တားဆီးခဲ့ကြသည်။
ဝတ်ပြုကိုးကွယ်သည့် နေရာများ၌ နှစ်ပေါင်းများစွာကတည်းက ကျား၊ မ ခွဲခြားခံရမှုအား ဖျက်သိမ်းရန်နှင့် ဝတ်ပြုကိုးကွယ်နိုင်မည့် အခွင့်အရေးအတွက် ဒီဆိုင်း ဦးဆောင်သည့် အဖွဲ့က တိုက်ပွဲခဲ့ခြင်း ဖြစ်သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.