Connect with us

Asia

အိန္ဒိယနိုင်ငံ ဝန်ကြီး တစ်ဦးအား ချေးငွေ ပြန်မဆပ်နိုင်မှုဖြင့် ဖမ်းမိန့်ထုတ်

အိန္ဒိယနိုင်ငံ အငယ်တန်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီး Y.S . Chowdary အားတွေ့ရစဉ် ( ဓာတ်ပုံ-အင်တာနက် )

နယူးဒေလီ ၊ ဧပြီ ၈ ရက် ( ဆင်ဟွာ )
အိန္ဒိယနိုင်ငံ တောင်ပိုင်း Hyderabad မြို့တရားရုံးက အိန္ဒိယ ဝန်ကြီး တစ်ဦးအား အာမခံပေး၍ မရနိုင်သည့် ဝရမ်း တစ်ခုအား ဘဏ်ချေးငွေ ပြန်မဆပ်မှုဖြင့် ဖမ်းဆီးရန် ထုတ်ပြန် လိုက်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ အငယ်တန်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီး Y.S . Chowdary အား Mauritius အခြေစိုက်ဘဏ် တစ်ခုက ချေးငွေ ပြန်မဆပ်မှုဖြင့် တရားစွဲဆိုထားသည်။ သို့သော် Chowdary သည် အဆိုပါ စွပ်စွဲချက်များကို မဟုတ်မှန်ကြောင်း ဧပြီလ ၇ ရက်တွင် အမှု စစ်ဆေးခဲ့သည့် နောက်ဆုံး သုံးကြိမ်မြောက် ရုံးချိန်း အထိ လျှောက်လွှဲချက်ပေးနိုင်ခြင်း မရှိခဲ့ပေ။

ဝန်ကြီး Chowdary သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ၊ Andhra Pradesh ပြည်နယ်ရှိ Telugu Desam ပါတီ၏ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ အဆိုပါ ပါတီသည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အစိုးရကို ဦးဆောင်နေသည့် Bharatiya Janata ပါတီ နှင့် ညွန့်ပေါင်း ဖွဲ့ထားသော ပါတီတစ်ခု ဖြစ်ကြောင်း သိရသည်။

Chowdary သည် စက်မှု လုပ်ငန်းရှင် တစ်ဦးဖြစ်သလို ၎င်း ဒါရိုက်တာ ရာထူး ရယူထားသည့် ကုမ္ပဏီ တစ်ခုသည် Mauritius အခြေစိုက် Hestia ဟိုလ်ဒင်း ကုမ္ပဏီမှ တဆင့် ချေးယူထားသော ဘဏ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)