Connect with us

Asia

အိန္ဒိယ၏ အသက်အငယ်ဆုံးဝန်ကြီး လိင်အရှုပ်တော်ပုံကြောင့် ရာထူးမှ ထုတ်ပယ်ခံရ

အလုပ်ထုတ်ခံရသော အိန္ဒိယအသက်အငယ်ဆုံးဝန်ကြီး Sandeep Kumar အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ စက်တင်ဘာ ၁ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အမျိုးသမီး နှင့် ကလေးသူငယ် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး Sandeep Kumar ( ဆန်ဒိကူးမား) အား လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အိန္ဒိယနိုင်ငံ၏ ဒေလီ စီရင်စုနယ်မြေ ဝန်ကြီးချုပ် Arvind Kejriwal က စက်တင်ဘာ ၁ ရက်တွင်ပြောကြားသည်။

အသက် ၃၄ နှစ်အရွယ်ရှိ အိန္ဒိယအသက် အငယ်ဆုံးဝန်ကြီး နှင့် အမျိုးသမီး နှစ်ဦးတို့၏ မဖွယ်မရာပြုလုပ်နေသော ဗီဒီယိုဖိုင်များ သြဂုတ်လ ၃၁ ရက် ညနေပိုင်းက ထွက်ပေါ်ခဲ့ပြီးနောက်တွင် Kejriwal သည် ၎င်း ၏ Aam Aadmi ပါတီအစိုးရအဖွဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်ဖြင့် ကူးမားအား ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ဗီဒီယို နှင့် ဓာတ်ပုံဖိုင်များပါဝင်သည့် ၉ မိနစ်စာ စီဒီချပ်များသည် အိန္ဒိယနိုင်ငံရှိ ရုပ်မြင်သံကြားချန်နယ်များစွာသို့ပြန့်နှံ့ရောက်ရှိသွားကြောင်း နှင့် ကူးမားအား ချက်ခြင်းအရေးယူမှုပြုလုပ်ရန် အဆိုပါ စီဒီချပ်များကို ဒေလီဝန်ကြီးချုပ် နေအိမ်သို့လည်း ပေးပို့ခဲ့ကြောင်း သိရသည်။
ဒေလီ ဒုတိယဝန်ကြီးချုပ် Manish Sisodia က “ ကျွန်တော်တို့ ပါတီမှာ အကောင်းဆုံးစိတ်ကူးစိတ်သန်းတွေ ရှိပါတယ်။ အဲဒါက အကျင့်ပျက်ခြစားမှုတွေ ၊ နာမည်ပျက်မှုတွေကို လုံးဝ သည်းမခံဘူးဆိုတာပါပဲ။ အဲဒီလို လုပ်တဲ့လူတွေကို ချက်ခြင်း အရေးယူမှု လုပ်သွားမှာပါ ” ဟု ထုတ်ဖော်ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်အပေါ် ကူးမားက နိုင်ငံရေးအရ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ ကျွန်တော် စွပ်စွဲခံရတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Dalit လို့ခေါ်တဲ့ (ဇာတ်နိုမ့်) မျိုးရိုးဖြစ်နေလို့ပေါ့” ဟု ကူးမားက စက်တင်ဘာ ၁ ရက်တွင် သတင်းသမားများအား ပြောကြားသည်။၎င်းသည် သုံးဦးမြောက် အထုတ်ခံရသော ဝန်ကြီးတစ်ဦး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.