Connect with us

Asia

ဂျပန်နိုင်ငံတွင် ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်

ငလျင်ဗဟိုချက် လှုပ်ခတ်ခဲ့သည့် ဟွန်ရှူးကျွန်း၊ Mie စီရင်စု အား ဂူဂဲလ်မြေပုံတွင် တွေ့ရပုံ ( ဓာတ်ပုံ -အင်တာနက် )

တိုကျို ၊ ဧပြီ ၁ ရက် ( ဆင်ဟွာ )

ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်း ကမ်းလွန်တွင် ဧပြီ ၁ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၃၉ မိနစ်တွင် ပြင်းအား ရစ်ချက်စတာကေး ၆.၁ အဆင့်ရှိအင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ငလျင်ကြောင့် ဆူနာမီသတိပေးမှုများ ထုတ်ပြန်ထားရခြင်းမရှိသေးပါ။ဂျပန်နိုင်ငံ မိုးလေဝသ အေဂျင်စီ ( JMA ) ၏ထုတ်ပြန်ချက်အရ ငလျင်သည် ရေပြင်အောက် ၁ဝ ကီလိုမီတာအနက် မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၊ မြောက်လတ္တီကျူ့၃၃.၄ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၃၆.၄ ဒီဂရီ အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဂျပန်နိုင်ငံတွင် ဆူနာမီသတိပေးမှုကို အဆင့် ရ ဆင့်သတ်မှတ်ထားပြီး အဆင့် ၄ မှ စတင်ကာ အန ္တရာယ်ရှိသော အဆင့်ဖြစ် သတ်မှတ်ထားသည်။ ယနေ့နံနက်လှုပ်ခတ်သွားသော ငလျင်အတွက် ဆူနာမီ သတိပေးမှုများပြုလုပ်ရန် မလိုသေးကြောင်း မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂျပန်ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီအထိ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ အခြား အခြေခံအဆောက်အဦပျက်စီးမှု နှင့် ပို့ဆောင်ဆက်သွယ်ရေးကို အဟန့်အတားဖြစ်စေမှုများ နှင့် သက်ဆိုင်သော သတင်းတစ်စုံတစ်ရာ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။
ဟွန်ရှုးကျွန်း Mie စီရင်စုသည် ပစိဖိတ် ကမ်းရိုးတမ်းတစ်လျှောက် အရှည် ကီလိုမီတာ ၁ဝဝဝ ခန့်ရှိကြောင်း နှင့် ဂျပန်နိုင်ငံ Tokai ဒေသတွင် တည်ရှိကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.