Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း အနေဖြင့် မြောက်ကိုရီးယား နိုင်ငံတွင် နျူကလီးယား ဗုံး ပိုင်ဆိုင်သည့် အပြင် ဟိုင်ဒရိုဂျင်ဗုံး (Hydrogen – Bomb) ပိုင်ဆိုင်ကြောင်း ပြောကြား

မြောက်ကိုရီးယာ နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း အား တွေ့ရစဉ် (ဆင်ဟွာ)

ပြုံးယမ်း ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) အနေဖြင့် မြောက်ကိုရီးယား နိုင်ငံတွင် နျူကလီးယား ဗုံး ပိုင်ဆိုင်သည့် အပြင် ဟိုင်ဒရိုဂျင်ဗုံး (Hydrogen – Bomb) ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

ကင်ဂျုံအန်းမှ လေ့လာရေး ခရီးစဉ် တစ်ခုအတွင်း မြောက်ကိုရီးယား နိုင်ငံ (DPRK) အနေဖြင့် မိမိနိုင်ငံ အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်ရန် အတွက် နျူကလီယား ဗုံးအပြင် အခြား ဟိုင်ဒရိုဂျင်ဗုံး (Hydrogen – Bomb) များကို အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကင်ဂျုံအန်းက ပြုပြင် ပြောင်းလဲရေးသည် ခက်ခဲ ကြမ်းတမ်းစွာ ဆောင်ရွက်သွားမည့် စိတ်ဓာတ် ထားရှိရမည် ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံအား မည်သည့် နိုင်ငံမှ ဝင်ရောက် ကျူးကျော် စွက်ဖက်ခြင်း မလုပ်နိုင်သည့် စက်မှု နိုင်ငံတော်ကြီး တစ်ခု အဖြစ် တည်ထောင် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)