Connect with us

Asia

နီပေါ နိုင်ငံ တရားရုံးက ကလေးသူငယ်များအား လိင်ကိစ္စ ပြုလုပ်ရန် ဆွဲဆောင်မှုဖြင့် ကနေဒါ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဝန်ထမ်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်

နီပေါ နိုင်ငံ၏ မြို့ တော် ခတ္တမန္ဒူ၌ လာရောက် လည်ပတ်နေသော နိုင်ငံခြား ခရီးသွားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

နီပေါ နိုင်ငံ၌ ကနေဒါ နိုင်ငံသား လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဝန်ထမ်း တစ်ဦး ဖြစ်သူ Peter Dalglish ကို ယောင်္ကျားလေး နှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်မှု အတွက် နီပေါ နိုင်ငံရှိ တရားရုံး တစ်ရုံးက ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

နီပေါ နိုင်ငံ၏ Kavrepalanchok ခရိုင် တရားရုံးတွင် တရားစီရင်မှု တရားခွင် တစ်ခုတွင် တရားစီရင်မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံး ကြားနာမှုအား ဇူလိုင် ၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တရားရုံး အရာရှိ Thakur Chandra Trital က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ကနေဒါ နိုင်ငံသားသည် ကလေးသူငယ်များအား လိင်ကိစ္စ ပြုလုပ်ရန် ဆွဲဆောင်မှုဖြင့် နီပေါ နိုင်ငံ၌ ဖမ်းဆီး ခံခဲ့ရပြီး ၁၄ လကျော် ကြာမြင့်ခဲ့ပြီးနောက် စီရင်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

နီပေါ နိုင်ငံ ရဲတပ်ဖွဲ့၏ ဗဟို စုံစမ်း စစ်ဆေးရေး ဗျူရိုက ၂၀၁၈ ခုနှစ် ဧပြီလတွင် နီပေါ နိုင်ငံ၏ မြို့တော် ခတ္တမန္ဒူ ၏ မြောက်ဘက် ၅၀ ကီလိုမီတာခန့်ကွာဝေးသော Kavre ခရိုင်မှ ယောင်္ကျားလေး နှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်မှုတွင် ပါဝင် ပတ်သက်မှု အတွက် ကနေဒါ နိုင်ငံသား Dalglish ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

နီပေါ နိုင်ငံ တရားရုံးက ကနေဒါ နိုင်ငံသား Dalglish ကို ယောင်္ကျားလေး နှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်မှု အတွက် ၎င်းတို့ကို တစ်ဦးလျှင် နီပေါ ရူပီး ၅၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၄,၅၅၆) ပေးဆောင်ရန်လည်း အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော တစ်လက အဆိုပါ တရားရုံးက ကနေဒါ နိုင်ငံသား Dalglish ကို ယောင်္ကျားလေး နှစ်ဦးကို လိင်ကိစ္စ အလွဲ သုံးစားလုပ်မှုဖြင့် စစ်ဆေးနေသည့် ကာလတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ကနေဒါ နိုင်ငံသား Dalglish က လိင်ကိစ္စ အလွဲသုံးစား ပြုလုပ်ခဲ့သည့် အသက် ၁၂ နှစ် အရွယ် နှင့် ၁၄ နှစ် အရွယ်ရှိ ကလေးငယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

အသက် ၆၂ နှစ် အရွယ် ရှိသူ Dalglish သည် လိင်ကိစ္စ အလွဲသုံးစား မလုပ်မီ ပိုမိုကောင်းမွန်သည့် ပညာ သင်ကြားရေး နှင့် နိုင်ငံခြားသို့ခရီးသွားရောက်ရန် ကမ်းလှမ်းကာ ကလေးငယ်များအား သွေးဆောင် ဖြားယောင်းခဲ့ကြောင်း နီပေါ ရဲတပ်ဖွဲ၏ ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117