Connect with us

Asia

ဖူကူရှီးမားမြေကို ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပြန်လည် အသုံးပြုမည်ဟု ဂျပန်အတည်ပြု

ဖူကူရှီးမား နျူကလီးယား ဓာတ်ရောင်ခြည်သင့် မြေသားများအား ပြန်လည်အသုံးပြုရန် အတွက် ထုတ်ပိုးနေစဉ် (ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

နျူကလီးယား ဓာတ်ရောင်ခြည် သင့်ထားသော ဖူကူရှီးမား ညစ်ညမ်းမြေကို ပြည်သူများ စိုးရိမ်ပူပန်မှုများ ရှိနေသည့်ကြားကပင် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည်ဟု ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက ဇွန်လ ၃ဝ ရက်တွင် အတည်ပြု ပြောကြားသည်။

ဂျပန်အစိုးရသည် ရေဒီယို သတ္တိကြွ ပါဝင်မှုနှုန်း ကန့်သတ်ချက် အဆင့် ၅,ဝဝဝ မှ ၈,ဝဝဝ ဘက်စ်ကွာရယ်စ် ပါကီလိုဂရမ် (becquerels per kilogram) ထက် လျော့နည်းနေသော ပြန်လည် သန့်စင်ထားသည့် ဖူကူရှီးမား ဓာတ်ရောင်ခြည်သင့် မြေသားကို နိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းနှင့် သက်ဆိုင်သော နေရာများတွင် အသုံးပြုခွင့် ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ညစ်ညမ်းမြေကို ရေဒီယို သတ္တိကြွလျော့ချနိုင်ရန် အတွက် အခြားသန့်စင်သော မြေဖြင့် ဖုံးအုပ်ခြင်း ၊ ကွန်ကရစ် သို့မဟုတ် ပစ္စည်းတစ်မျိုးမျိုးဖြင့် ဖုံးကွယ်ပြီးမှ အသုံးပြုသင့်ကြောင်း နှင့် အဆောက်အအုံများ တည်ဆောက်မှု ပြီးစီးပါက နှစ်စဉ် အနီးအနားတွင် နေထိုင်ကြသည့် ပြည်သူများသည် တစ်နှစ်လျှင် ဓာတ်ရောင်ခြည်သင့်မှု ဝ.ဝ၁ mSv မျှသာ ရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သန့်စင်ထားသော ဖူကူရှီးမား ဓာတ်ရောင်ခြည်သင့် မြေကို ပြန်လည်အသုံးပြုခြင်းဖြင့် ဓာတ်ရောင်ခြည်သင့်နေရာ အနီးတစ်ဝိုက်မှ ညစ်ညမ်းမှုများကို အခြားတစ်နေရာ၌ ဓာတ်ပြိုကွဲသွားစေကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ပြည်သူများ စိုရိမ်ပူပန်မှု ရှိနေလင့်ကစား ဓာတ်ရောင်ခြည် စွန်းထင်းထားသော မြေများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မြေသားများသည် မြေငလျင်လှုပ်ခတ်မှုများ ၊ ရေကြီးမှုများနှင့် အခြားသော သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကြုံတွေ့လာပါက ဆွေးမြေ့ခြင်း (သို့မဟုတ်) ပြိုလဲခြင်းများ ဖြစ်ပေါ်နိုင်လာကြောင်း သိရသည်။
ဝန်ကြီးဌာန လုပ်ငန်းခွင် အုပ်စု၏ ကနဦး ခန့်မှန်းချက်အရ ရေဒီယို သတ္တိကြွမြေများကို တရားဝင် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် နှစ်ပေါင်း ၁၇ဝ ခန့်အချိန်ယူရန် လိုအပ်ကြောင်းနှင့် အများပြည်သူသုံး လမ်းများအတွက် နှစ် ၇ဝ ခန့်အချိန်ယူပြီးမှ အသုံးပြုသင့်ကြောင်း ဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.