Connect with us

Asia

တရုတ်၊တောင်ကိုရီးယား၊ဂျပန် သုံးနိုင်ငံ ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTA) အား ဆိုးလ်၌ ဆွေးနွေးမည်

၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သည့် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ ၌ အာရှ သုံးနိုင်ငံ ခေါင်းဆောင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ဧပြီ ၄ ၇က် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် ယခုအပတ်အတွင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ သုံးနိုင်ငံ ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTA) အား အလုပ်သဘော ဆွေးနွေးသွား မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန က ဧပြီ ၄ ရက် တွင် ပြောကြားခဲ့သည်။

၁၀ ကြိမ်မြောက် အာရှ သုံးနိုင်ငံ ကြား လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTA) ဆိုင်ရာ အလုပ်သဘော ဆွေးနွေးညှနှိုင်းမှု များကို ဆိုးလ်မြို့၌ ဧပြီ ၅ရက်မှ ၈ ရက် အထိပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း နှင့် စွမ်းအင် ဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ အတွင်း ၌ အခြေခံကျသည့် လမ်းညွှန်ချက်များ၊ ကုန်ပစ္စည်းများ ကုန်သွယ်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းများအပေါ် မည်ကဲသို့ ဖြေလျော့မှုများ ပြုလုပ်သွားမည် စသည့် အဓိကကျသည့် ကိစ္စရပ်များ ကို ဆွေးနွေးသူများက အဓိက ထားဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေး အစီအစဉ်အရ နိုင်ငံ၏ အရင်းအမြစ်၊ အကောက်ခွန်များ၊ ဆေးဝါးပစ္စည်းများ ကုန်သွယ်မှု၊ SPS စံချိန်စံညွှန်းများ နှင့် ကုန်သွယ်မှု အတွက်နည်းပညာဆိုင်ရာ အတားအဆီးများ (TBT) စသည့် ကိစ္စရပ်ပေါင်း ၂၀ ပါဝင် မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သည့် သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံ ၌ အာရှ သုံးနိုင်ငံ ခေါင်းဆောင်များက FTA နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု များအား အရှိန်မြှင့် လုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။
တရုတ်၊တောင်ကိုရီးယား၊ဂျပန် သုံးနိုင်ငံပေါင်း ပြည်တွင်း ထုတ်လုပ်မှုစုစုပေါင်းသည် တစ်ကမ္ဘာလုံး၏ ၂၀ ရာခိုင်နှုန်းရှိပြီး အာရှတွင် ၇၀ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.