Connect with us

Asia

ဗီယက်နမ်၊ တရုတ် စီးပွားရေး လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ ပြုလုပ်

တရုတ်- အာဆီယံ ကုန်စည်ပြပွဲ မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် ဗီယက်နမ် နိုင်ငံများတွင် ပြုလုပ်မည့် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ ၂၀၁၆ (CAEXPO 2016) က နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများအကြား ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ကြောင်း ဗီယက်နမ် အရာရှိတစ်ဦးက ဇွန်လ ၁၄ ရက်က ပြောကြားခဲ့သည်။

ဗီယက်နမ် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဋ္ဌာန၏ ဒုတိယ ဋ္ဌာနမှူး တာဟုန်လင်က ဇွန်လ ၁၄ ရက်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
CAEXPO 2016 အမည်ရှိ ထိုပြပွဲအား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၈ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။
တရုတ်နိုင်ငံတွင် ကောင်းမွန်သည့် စီးပွားရေး လုပ်ငန်းများစွာ ရှိသော်လည်း ဗီယက်နမ် လုပ်ငန်းရှင်အများစုက မသိရှိသေးကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်များအား ဗီယက်နမ် လုပ်ငန်းရှင်များ ရှာဖွေ တွေ့ရှိနိုင်ရန် ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း လင်းကပြောသည်။
CAEXPO 2016 ပြပွဲသို့ တရုတ်နိုင်ငံရှိ ပြည်နယ်နှင့် ဒေသကြီး ၁၃ ခုမှ လုပ်ငန်းပေါင်း ၁၆၆ ခုက စတုရန်း မီတာ ၅,၀၀၀ ခန့် ကျယ်ဝန်းသည့် ခန်းမအတွင်း ပြခန်းပေါင်း ၃၃၀ ခန့် ပါဝင် ပြသကြောင်း သိရသည်။
ယင်း ပြပွဲ၌ စက်ပစ္စည်းများ၊ အစားအသောက် ထုတ်ပိုးစက်နှင့် နည်းပညာများ၊ လောင်စာ ထုတ်လုပ်ငန်းသုံး ကိရိယာ၊ မော်တော်ယာဉ်နှင့် အခြား ထုတ်ကုန်များလည်း ပါဝင်ပြသကြောင်း သိရသည်။ (Xihnua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.