Connect with us

Asia

အိန္ဒိယနိုင်ငံတွင် လူသုံးဦးအား ကိုက်သတ်ခဲ့သည့် အာရှခြင်္သေ့ ၁၇ ကောင်အား တိရစ္ဆာန်ရုံသို့ ရာသက်ပန်ပို့

အိန္ဒိယနိုင်ငံ Gir တောအုပ်အတွင်း သွားလာနေသော ခြင်္သေ့တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Gujarat ပြည်နယ် အနောက်ပိုင်းရှိ နာမည်ကျော် Gir တောအုပ်ထဲတွင် လွန်ခဲ့သော တစ်လက လူသုံးဦးအား ကိုက်သတ်ခဲ့သည့် အာရှခြင်္သေ့ ၁၇ ကောင်ကို ဖမ်းမိထားကြောင်း သိရသည်။

Junagadh အပိုင် သစ်တော ထိန်းသိမ်းရေး အရာရှိချုပ် A.P.Singh က လွန်ခဲ့သောလတွင် သစ်တော အရာရှိများသည် ခြင်္သေ့ ၁၇ ကောင်ကို ဖမ်းမိထားကြောင်း၊ ၎င်းတို့ထဲမှ အထီးအကောင်ကြီး တစ်ကောင်သည် လူသုံးဦးကို ကိုက်ခဲ့သည့် အဓိက လက်သည် ဖြစ်နိုင်ကြောင်း ဆိုသည်။
၎င်းတို့ကို လူသတ်ခြင်္သေ့များ အဖြစ် အတည်ပြုနိုင်ခဲ့ကြောင်း နှင့် Gujarat ပြည်နယ် အတွင်းရှိ Sakkarbaug တိရစ္ဆာန်ရုံသို့ ပို့ဆောင်ထားကြောင်း Singh က ဇွန်လ ၁၆ ရက်တွင် မီဒီယာများသို့ပြောကြားခဲ့သည်။ လူသေ အလောင်း အနီးတွင် ခြင်္သေ့၏ မစင်ကို တွေ့ခဲ့ရကြောင်း နှင့် ခြင်္သေမ နှစ်ကောင်၏ မစင်ပုံ အနည်းငယ်ကိုလည်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း သစ်တော အရာရှိများက ဆိုသည်။
“ လူသေမှုကို ခြင်္သေ့ ကိုက်လို့သေတာဆိုပြီး အမှုပိတ်လို့ရပါပြီ။ ခြင်္သေ့ပေါက် နှစ်ကောင်ကို အဲဒီမှာ မိတာပါ။ ခြင်္သေ့ပေါက် အစ်မ ကတော့ လူကိုက်တဲ့အထဲမှာ မပါပါဘူး။ ကိုက်ထားတဲ့အသားတွေကို ဝိုင်းစားတာလောက်ပဲ ရှိမယ်” ဟု Singh က ဆိုသည်။
လူကိုက်သတ်ခဲ့သည့် ခြင်္သေ့ အထီးကြီးမှာ ၎င်း၏ဘဝ တစ်လျှောက်လုံး Junagadh တိရစ္ဆာန်ရုံ အတွင်း၌ ကုန်ဆုံးရတော့မည် ဖြစ်သည်။ ကျန်ခြင်္သေ့ အားလုံးကိုမူ လူကိုက်ထားခြင်းမရှိကြောင်း အတည်ပြုချက်ယူပြီး နောက်တွင် ၎င်းတို့ဖမ်းဆီးခြင်း ခံခဲ့ရနေရာမှ ခပ်ဝေးဝေး Gir တောအုပ်ထဲ တစ်နေရာသို့ ပို့ဆောင်ခြင်း ခံရမည် ဖြစ်သည်။ အဆိုပါ ခြင်္သေ့ ၁၇ ကောင်ကို လူသုံးဦး သေဆုံးခဲ့သည့် တောအုပ်ထဲမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများမှာ အသက် ၁၄ နှစ် လူငယ်တစ်ဦး ၊ အသက် ၅ဝ နှစ် အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ၆၁ နှစ် အရွယ် အမျိုးသားကြီး တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ Gir တောအုပ်ထဲတွင် ခြင်္သေ့ပေါက် ကောင်ရေ ၅ဝဝ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.