Connect with us

Asia

မဲခေါင်မြစ် အတွင်း ၂၀၁၆ ခုနှစ် ပထမဆုံး ပူးတွဲ ကင်းလှည့်ခြင်း အစီအစဉ် စတင်

မဲခေါင်မြစ် အတွင်း တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးတွဲ ကင်းလှည့်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကူမင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၂၀၁၆ ခုနှစ်တွင် မဲခေါင်မြစ် အတွင်း ပထမဆုံး ပူးတွဲကင်းလှည့် ခြင်းအား ဇန်နဝါရီလ ၂၆ ရက် နံနက်က စတင်ကြောင်းနှင့် ပြစ်မှုဆိုင်ရာ မှုခင်း လှုပ်ရှားမှုများအား စောင့်ကြပ် သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကင်းလှည့် သင်္ဘောသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှီရွှမ်းဘန်နာ (Xishuangbanna) ရှိ ကွမ်းလဲ့ ဆိပ်ကမ်း မှ နံနက် ၈း၀၀ နာရီတွင် ထွက်ခွာမည် ဖြစ်သည်။

လေးရက်ကြာ ကင်းလှည့်ခြင်း အစီအစဉ်၌ တရုတ်နိုင်ငံက သင်္ဘော ၅ စင်းနှင့် လာအိုနိုင်ငံက သင်္ဘော ၃ စင်း စုစုပေါင်း သင်္ဘော ၈ စင်း ပါဝင်မည် ဖြစ်သည်။

ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူမှောင်ခိုကူးခြင်း စသည့် မှုခင်းများအား ကာကွယ်သွားရန် နိုင်ငံ လေးနိုင်ငံမှ ဥပဒေရေးရာ ဝန်ထမ်းများလည်း ယင်း သင်္ဘောများနှင့် လိုက်ပါမည် ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ထိုင်းရေပိုင်နက် အတွင်း ကုန်တင် သင်္ဘော နှစ်စင်း ပြန်ပေးဆွဲခံရ ခြင်းနှင့် တရုတ် သင်္ဘောသား ၁၃ ဦး အသတ်ခံရပြီးနောက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ မဲခေါင်မြစ် အတွင်း ပူးတွဲ ကင်းလှည့်ခြင်းအား စတင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.