Connect with us

Asia

အိန္ဒိယမှ အမျိုးသမီး ရဲအရာရှိ အန္တာတိကတိုက် ရှိ အမြင့်ဆုံးတောင်ပေါ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့

အမျိုးသမီး ရဲအရာရှိ အပါနား ကူးမား အား Vinson Massif တောင်ထိပ်ပေါ်၌ တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရှိ Uttar Pradesh ပြည်နယ် မှ အပါနား ကူးမား အမည်ရှိ အမျိုးသမီး ရဲအရာရှိတစ်ဦး သည် အန္တာတိကတိုက်တွင် အမြင့်ဆုံး တောင်တစ်လုံး ဖြစ်သည့် Vinson Massif တောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ ကြောင်း Indo-Asian သတင်းဌာန က ဇန်နဝါရီလ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

Uttar Pradesh ပြည်နယ် ၏မြို့တော် Lucknow မှ တာဝန်ရှိသူ တစ်ဦး က အပါနား ကူးမားသည် ပေပေါင်း ၁၇,၀၀၀ ပေ မြင့်မားသည့် Vinson Massif တောင်ပေါ်သို့ ဇန်နဝါရီလ ၁၇ ရက်တွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ ကြောင်း Indo-Asian သို့ပြောကြားခဲ့သည်။

အပါနား ကူးမား သည် Vinson Massif တောင်ပေါ်၌ သုံးရောင်ခြယ် အိန္ဒိယ နိုင်ငံတော် အလံ နှင့် Uttar Pradesh ရဲတပ်ဖွဲ့ အလံတို့ကို တောင်ထိပ်တွင် လွှင့်ထူခဲ့ကြောင်း သိရသည်။

ကူးမားသည် တောင်ဝင်ရိုးစွန်း ဒေသ အတွင်းရှိ ထိုကဲ့သို့ မြင့်မားသည့် တောင်ပေါ်သို့ တက်ရောက်ခဲ့သည့် ပထမဆုံးသော အိန္ဒိယနိုင်ငံသား အမျုးိသမီး ရဲအရာရှိ တစ်ဦး ဖြစ်ကြောင်းဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.