Connect with us

Asia

အာဏာရ LDP ဥက္ကဋ္ဌ အဖြစ် ဂျပန်ဝန်ကြီးချုပ် ပြန်လည်ရွေးချယ်ခံရ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။ (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အာဏာရပါတီဖြစ်သည့် လွတ်လပ်သော ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party=LDP) ၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဋ္ဌရာထူး သက်တမ်းသစ် ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းသည့် ပြိုင်ဘက်မရှိသဖြင့် ပါတီဥက္ကဋ္ဌအဖြစ် မဲခွဲစရာမလိုဘဲ တိုက်ရိုက်ပြန်လည် ရွေးချယ်ခံရ ကြောင်း ဂျပန်နိုင်ငံ ပြည်တွင်း မီဒီယာများက အင်္ဂါနေ့တွင် သတင်းဖော်ပြထားသည်။

LDP ပါတီ အနေဖြင့် ဥက္ကဋ္ဌရာထူး ပါဝင်ယှဉ်ပြိုင်သူများ၏ လျှောက်လွှာများအား အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီ မှ ၈း၃၀ နာရီအထိ လက်ခံခဲ့ပါသည်။ အကြီးတန်း ဥပဒေပြုသူ စီကိုနိုဒါသည် အာဘေးနှင့် ယှဉ်ပြိုင်ရန် ဆန္ဒရှိသော်လည်း ပြိုင်ပွဲဝင်ရန်လိုအပ်ချက်ဖြစ်သော ထောက်ခံပေးမည့် ပါတီဝင်ဥပဒေပြုသူ ၂၀ ဦးအား စည်းရုံး၍ မရသောကြောင့် ယှဉ်ပြိုင်မှုစာရင်း တင်သွင်းရန် အလျှော့ပေးခဲ့ရပါသည်။

အာဘေး၏ လက်ရှိ LDP ပါတီ ဥက္ကဋ္ဌ သက်တမ်းသည် စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ယခုတစ်ဖန် ပြန်လည် ရွေးကောက်ခံရသောကြောင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လာမည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ သုံးနှစ်ကျော် ဆက်ပြီး တာဝန်ယူရမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117