Connect with us

Asia

အင်ဒိုနီးရှားသည် တရားမဝင် ငါးဖမ်းခြင်းအားတိုက်ဖျက်ရန် လှေအစီး ၃၀ အား နှစ်မြုပ်ခဲ့

တရားမဝင် ဝင်ရောက် ငါးဖမ်းကြမှုကြောင်းဖမ်းဆီးထားသည့် လှေများအား အင်ဒိုနီးရှားနိုင်ငံ က ဖောက်ခွဲနှစ်မြုပ်နေစဉ် (အင်တာနက်)

ဂျာကာတာ၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ သယံဇာတ ပေါကြွယ်ဝသည့် ရေပြင်တွင် တရားမဝင် ငါးဖမ်းခြင်းအား တိုက်ဖျက် ရန် ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်တွင်း၊ ပြည်ပမှ ငါးခိုးဖမ်းသူများ၏ လှေအစီး ၃၀ ကို နှစ်မြုပ်ပစ်ခဲ့ကြောင်း သိရသည်။

နှစ်မြှုပ်ပစ်ခဲ့သည့် လှေအစီး ၃၀ တွင် ဗီယက်နမ်နိုင်ငံမှ ၁၁စီး၊ မလေးရှားနိုင်ငံမှ ၈စီး၊ ဖိလစ်ပိုင်နိုင်ငံမှ ၇စီးပါဝင်ပြီး ကျန်လှေများမှာ အင်ဒိုနီးရှားနိုင်ငံ မှဖြစ်ကြောင်း သိရသည်။

တရားမဝင် ငါးဖမ်းဆီးမှု အား တိုက်ဖျက်ရန် အင်ဒိုနီးရှားနိုင်ငံ တရားမဝင် ငါးဖမ်းမှု တားဆီးခြင်း တပ်ဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရေတပ်၊ အမျိုးသားရဲတပ်ဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရေကြောင်း လုံခြုံရေး အေဂျင်စီ၊ ရှေ့နေချုပ်ရုံး တို့သည် အင်ဒိုနီးရှားနိုင်ငံ တစ်လျှောက်ရှိ မတူညီသော ဒေသ ငါးခု တွင် ဖေဖော်ဝါရီလ ၂၂ရက်နေ့ အသီးသီး နေရာယူထားခဲ့ကြောင်းသိရသည်။

ရေကြောင်း နှင့် ငါးလုပ်ငန်း ဝန်ကြီး Susi Pudjiastuti က ဖမ်းဆီးထိန်းသိမ်းထားသည့် လှေအားလုံးသည် နိုင်ငံ၏ ရေပြင်အတွင်းသို့ ခိုးဝင်လာသော လှေများဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် ၂၀၁၆ခုနှစ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သမ္မတ Joko Widodo အာဏာ လွှဲပြောင်းယူခဲ့သည့် ၂၀၁၄ခုနှစ် အောက်တိုဘာလ မှစ၍ လှေအစီးပေါင်း ၁၅၁ စီးကို နှစ်မြုပ်ပစ်ခဲ့ကြောင်း သိရ သည်။ သမ္မတ Joko Widodo နိုင်ငံ၏ ရေပြင်တွင် တရားမဝင် ငါးဖမ်းဆီး ခြင်းအား ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သမ္မတ က ထိုသို့ တရားမဝင် ငါးဖမ်းဆီးခြင်းကိုတားဆီးရန် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ နှင့်ချီ၍ ကုန်ကျကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.