Connect with us

Asia

အိန္ဒိယနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် အလည်အပတ်သွားမည်

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ချို ဟွန်ဆန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ချို ဟွန်ဆန် (Samdech Techo Hun Sen) သည် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ရှိနေစဉ်အတွင်း ဟွန်ဆန်သည် ဇန်နဝါရီလ ၂၅ ရက်တွင် အာဆီယံ-အိန္ဒိယ အထူး ထိပ်သီးအစည်းအဝေးသို့လည်းကောင်း၊ ဇန်နဝါရီလ ၂၆ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံနေ့ အခမ်းအနားသို့ လည်းကောင်း၊ ဇန်နဝါရီလ ၂၇ ရက်တွင် ချစ်ကြည်ရေးခရီးအဖြစ်လည်းကောင်း သွားရောက်မည် ဖြစ်ကြောင်း ပူးတွဲဝန်ကြီးချုပ် ဝန်ကြီး Sry Thamarong ကပြောကြားခဲ့သည်။

၎င်းက ဆက်၍ “ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးပွဲမှာ ပူးတွဲသဘာပတိအဖြစ် မဆောင်ရွက်မီ ဆမ်ဒတ်တက်ချို ဟွန်ဆန်က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်” ဟု ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ရှိနေစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်သည် အိန္ဒိယ-ကမ္ဘောဒီးယား စီးပွားရေးဆိုင်ရာ အစည်းအဝေး၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.