Connect with us

Asia

အင်ဒိုနီးရှားတွင် အင်အားပြင်း ငလျင်ကြောင့် လူတစ်ဦးသေ၊ နေအိမ် ၁,၀၀၀ ကျော် ထိခိုက်ပျက်စီး

အင်ဒိုနီးရှားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့စဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၂၃ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည် ငလျင်တစ်ခုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး နေအိမ်များ၊ အဆောက်အအုံများ နှင့် အများပြည်သူဆိုင်ရာ အဆောက်အဦး ၁,၁၀၀လုံး ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၄ရက်တွင်ပြောကြားခဲ့သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာန မှ တာဝန်ရှိသူတစ်ဦးက လူသေဆုံးမှု နှင့် ထိခိုက်ပျက်စီးမှုများသည် ဘက်တန်ပြည်နယ်၊ ဂျကာတာမြို့ နှင့် အနောက်ဂျာဗားပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းက ငလျင်ဒဏ်ကို ဘက်တန်ပြည်နယ် လီဘက်ခရိုင်က အများဆုံးခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူက ငလျင်၏ အကျိုးသက်ရောက်မှုများကို ဆက်လက် လေ့လာဆန်းစစ်လျက်ရှိကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေးလာသူများရှိပြီး ယင်းအရေအတွက်ကို စုံစမ်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့တွင် ဇန်နဝါရီ ၂၃ရက် ဒေသစံတော်ချိန် ၁၃း၃၄နာရီ တွင် အင်အား ၆.၁ ပမာဏရှိသော ငလျင်ပြင်းတစ်ခုသည် ဘီဘက်ခရိုင် အနောက်တောင်ပိုင်း ၈၁ကီလိုမီတာ ရှိ မြေပြင်အနက် ၁၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.