Connect with us

Asia

အိန္ဒိယနှင့် အမေရိကန် ပူးပေါင်းပြီး ငလျင် ၊ မီးတောင် လေ့လာရေး ဂြိုလ်တုလွှတ်တင်ရန် စီစဉ်နေ

အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးနှင့် အမေရိကန် နာဆာ အဖွဲ့များ၏ အမှတ် တံဆိပ်များအား တွေ့ရစဉ် ( ဓာတ်ပုံ -အင်တာနက် )

နယူးဒေလီ ၊ ဧပြီ ၅ ရက် ( ဆင်ဟွာ )

အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့လာမည့် ၅ နှစ်အတွင်း မြေငလျင်နှင့် မီးတောင်များ လေ့လာ သိရှိနိုင်မည့် ဂြိုလ်တုကို ပူးတွဲ လွှတ်တင်သွားရန် စီစဉ်နေကြောင်း နှစ်ဖက် တာဝန်ရှိသူများက ဆိုသည်။

အိန္ဒိယအာကာသ စူးစမ်းလေ့လာရေး အဖွဲ့( ISRO ) နှင့် အမေရိကန် အာကာသ အေဂျင်စီ ( NASA ) တို့ပူးပေါင်း တည်ဆောက်မည့် ဂြိုလ်တုကို NASA-ISRO ဟု အမည်ပေးထားသည်။ အဆိုပါဂြိုလ်တုက ဂေဟစနစ် ပျက်စီးနေပုံ ၊ ရေခဲတုံးများ အရည်ပျော်နေပုံနှင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်သည့် မြေငလျင် ၊ ဆူနာမီ ၊ မီးတောင်ပေါက်ကွဲခြင်း နှင့် မြေပြိုခြင်း များကို စူးစမ်း လေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
“ အမေရိကန်နိုင်ငံက L-Band ကို စီစဉ်နေတယ်။ သူက ကမ္ဘာမြေ အပေါ်ယံအလွှာ အဆင့်ဆင့် ပြောင်းလဲလာပုံကို ကြည့်ပေးမယ်။ အဲဒီဂြိုလ်တုကို လာမယ့် ၂ဝ၂ဝ-၂ဝ၂၁ နှစ်တွေမှာ လွှတ်တင်နိုင်လိမ့်မယ်လို့မျှော်လင့်ထားတယ်” ဟု NASA ညွှန်ကြားရေးမှူး Charles Frank Bolden က ပြောသည်။
ထို့ပြင် “ မြေငလျင် လှုပ်ရှားမှာကို အရိပ်အမြွက် ကြိုသိလို့ရအောင် ကျနော်တို့ကြိုးပမ်းနေပါတယ်။ တကယ်တော့ ငလျင်လှုပ်မှာကို ဘယ်သူမှ ကြိုတင် ဟောကိန်းထုတ်လို့မရပါဘူး။ ဒါပေမယ့် ဘယ်နေရာမှာ ငလျင်လှုပ်နိုင်လဲ ဆိုတာတော့ လူတွေကို ကျနော်တို့အကြံပေးလို့ရပါတယ် ” ဟု Charles က ဖြည့်စွက် ပြောကြားခဲ့သည်။
ISRO တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Kiran Kumar က အိန္ဒိယနိုင်ငံသည် S-Band ကို တီထွင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း၊ ယင်းအတွက် အမေရိကန် အာကာသ အေဂျင်စီ NASA နှင့် ပူးတွဲ လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် ဂြိုလ်တုကို ၂ဝ၂၁ ခုနှစ်တွင် လွှတ်တင်နိုင်ဖွယ် ရှိကြောင်း ပြောကြား ခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.