Connect with us

Australia / Oceania

ဖန်ပြွန်သန္ဓေနည်းဖြင့် ရယူထားသည့် ကလေးများမှာ ပုံမှန်ကလေးများနည်းတူ ကျန်းမာသန်စွမ်းကြောင်း လေ့လာမှုတစ်ခုကဆို

မိခင်နှင့် ရင်သွေးငယ်လေးပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဖန်ပြွန်သန္ဓေနည်း (In Vitro Fertilization= IVF) ဖြင့် ရယူထားသည့် ကလေးများမှာ ပုံမှန်နည်းအတိုင်း ရယူထားသည့် ကလေးများနည်းတူ ကျန်းမာသန်စွမ်းကြောင်း ဇူလိုင်လ ၁၂ ရက်က ထုတ်ပြန်လိုက်သည့် အထင်ကရ သြစတြေးလျ သုတေသန လေ့လာမှု တစ်ခုအရ သိရသည်။

Murdoch Childrens Research Institute (MCRI) က အချက်အလက် စုဆောင်းကာ ထုတ်ပြန်ထားသည့် ထို သုတေသန လေ့လာမှုအရ ဖန်ပြွန်သန္ဓေနည်းဖြင့် မွေးလာသည့် ကလေးများမှာ ကျောင်းတက်ရမည့် အသက်အရွယ် ရောက်ချိန်တွင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းသူများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သုတေသီ ခေါင်းဆောင် ဒေးဗစ် အမ်မွာက အဆိုပါ လေ့လာမှု ရလဒ်အရ ၂၀၁၀ ခုနှစ်ကစ၍ ဗစ်တိုးရီးယားပြည်နယ်တွင် သုတ်ပိုး အလှူရှင်များဖြင့် သန္ဓေတည်ကာ ကလေးမွေးဖွားမှုနှုန်းများလာသဖြင့် ဖန်ပြွန်သန္ဓေနည်းဖြင့် ကလေးယူထားသည့် မိဘများအတွက် စိတ်အေးချမ်းသာစေမည်ဟု ပြောကြားခဲ့သည်။

“အလှူရှင်တွေကို ရွေးချယ်ထားတဲ့ အမျိုးသမီးတွေနဲ့ စုံတွဲတွေအနေနဲ့ အတွေးပေါင်းများစွာနဲ့အတူ ရွေးချယ်ဖို့ အားထုတ်ခဲ့ရတယ်” ဟု အမ်မွာက သြစတြေးလျ မီဒီယာသို့ ဇူလိုင်လ ၁၂ ရက်က ပြောခဲ့သည်။

“IVF နည်းနဲ့ ကလေးယူတာဟာ လိုအပ်ချက်အရ တစ်ကျော့ပြန် ခေတ်စားလာတာဖြစ်ပြီး ဒီလို တွေ့ရှိချက်ကြောင့် မိဘတွေကို စိတ်ချလက်ချ ဖြစ်စေမှာပါ” ဟု အမ်မွာက ဆိုသည်။

လေ့လာမှုအရ ဗစ်တိုးရီးယားရှိ IVF ကလေးငယ် ၂၂၄ ဦး၏ မိခင်ဦး၏ ဖြေဆိုချက်များမှာ ၎င်းတို့၏ ကလေးငယ်များမှာ ကျန်းမာသန်စွမ်းမှုရှိပြီး မိဘများနှင့်လည်း ပျော်ပျော်ရွှင်ရွှင်ရှိသလို ကလေးများ ကိုယ်တိုင်လည်း ပျော်ရွှင်လျက်ရှိသည်ဟု ဆိုပါသည်။

အလှူရှင် ရယူကာ မွေးဖွားခဲ့သည့် ကလေးငယ်များမှာ သာမန်ကလေးငယ်များထက် ကျန်းမာရေး အထူးစောင့်ရှောက်မှု လိုအပ်ချက်များရှိသော်လည်းပဲ ယေဘုယျအားဖြင့် ကျန်းမာသန်စွမ်းသော မိသားစုဘဝ ရရှိခဲ့ကြောင်း လေ့လာမှု ရလဒ်က ညွှန်ပြထားသည်။

အဆိုပါ ရလဒ်နှစ်ခုလုံးကို ဖန်ပြွန်သန္ဓေနည်းဖြင့် ကလေးယူထားသည့် မိဘများအား ရှင်းပြထားသင့်ပြီး ၎င်းတို့၏ ကလေးငယ်များအား ပိုမို ကာကွယ်မှုများ ပေးနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.