Connect with us

Australia / Oceania

နယူးဇီလန် တောင်ဘက်ကျွန်းရှိ အကြီးဆုံးမြို့အား မုန်တိုင်း တိုက်ခတ်


ဝဲလ်လင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ တောင်ဘက်ကျွန်းရှိ Christchurch နှင့် အနီးဝန်းကျင်မြို့များစွာတွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးကာ ရေလွှမ်းမိုးမှု ဖြစ်ပွားကာ နေအိမ် ရာပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပြီး ဇူလိုင်လ ၂၂ ရက်က အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

မိုးများ သည်းထန်စွာ အဆတ်မပြတ် ရွာသွန်းခဲ့သောကြောင့် Christchurch တွင် Heathcote မြစ်ကမ်းပါး ပြိုကျခဲ့ပြီး ရေဆိုးများမှာလည်း လမ်းများပေါ်သို့ လျှံကျခဲ့ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံ တောင်ဘက်ကျွန်း၏ အကြီးဆုံးမြို့ဖြစ်သော Christchurch ၏ မြို့တော်ဝန် Lianne Dalziel က ဒီရေ ဆက်လက် မြင့်တက်နိုင်သည့်အတွက် ကြိုတင်ကာကွယ်မှုများ အပြည့်အဝ ပြုလုပ်ရန် ပြည်နယ်အဆင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း Christchurch City Council ဝက်ဘ်ဆိုက်အရ သိရသည်။

ရေလွှမ်းမိုးသည့် ဒေသတွင် နေထိုင်သူများအား အနေဖြင့် အကယ်၍ နေအိမ်ဝန်းကျင်၌ ရေမှာ မိမိ၏ ဒူးခေါင်း အထက်သို့ ရောက်ရှိနေပါက ထွက်ခွာရန် အန္တရာယ်ရှိသဖြင့် မိမိ၏ နေအိမ်အတွင်းမှာသာ နေ၍ အကူအညီများအား စောင့်ဆိုင်းရန် ကောင်စီက တိုက်တွန်းထားသည်။

နယူးဇီလန်နိုင်ငံ တောင်ဘက်ကျွန်းရှိ Christchurch တွင် ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစောပိုင်း၌ ကောင်စီက ဒေသခံများအား နေအိမ်မှ ပြောင်းရွှေ့ကြရန် သို့မဟုတ် ပြည်သူ့ ကာကွယ်ရေး စင်တာသို့ သွားရောက်ရန် အကြံပြုခဲ့သော်လည်း ဒီရေများ မြင့်တက်လာပြီး ရေဝင်ရောက်မှုမှာ အလျင်အမြန် တိုးမြင့်သောကြောင့် အစိုးရ၏ အစီအစဉ်ကို ယခုလို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

Christchurch ရှိ အဓိက လမ်းမကြီးများစွာအား ရေလွှမ်းမိုးနေခဲ့ပြီး မြစ်အနီးဝန်းကျင် လမ်းများကို ပိတ်ထားခဲ့ရကာ ဆက်လက် ပိတ်ထားရမည်ဟု သိရသည်။

တောင်ဘက်ကမ်း မြစ်ဝအစွန်ပိုင်းတစ်လျှောက်ရှိ အနိမ့်ပိုင်း နယ်မြေ လေးခုအနက် သုံးခုမှာ လုံးဝ ရေလွှမ်းသွားခဲ့ပြီ ဖြစ်ကြောင်း၊ နယ်မြေများစွာတွင်လည်း ရေစုပ်စက်များဖြင့် ရေများ စုပ်ထုတ်ခဲ့ရကြောင်း ကောင်စီထံမှ သိရသည်။

လက်ရှိတွင် ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေးစင်တာနှင့်အတူ နယူးဇီလန် ကာကွယ်ရေးတပ်ဖွဲ့၊ နယူးဇီလန် ရဲတပ်ဖွဲ့၊ နယူးဇီလန် မီးသတ်နှင့် အရေးပေါ်ဋ္ဌာန၊ ကြက်ခြေနီအဖွဲ့နှင့် အခြားအဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.