Connect with us

Australia / Oceania

သြစတြေးလျ နိုင်ငံ မှ ပညာရှင် က “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု သည် အတူတကွ အောင်မြင်ခြင်း ကို ရရှိစေမည် ဖြစ်ကြောင်း ပြောကြား

ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး နှီးနောဖလှယ်ပွဲ တွင် နိုင်ငံ ခေါင်းဆောင်များမှ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့စဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံ New South Wales တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာရှင် Elizabeth Joseph က “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု သည် သက်ဆိုင်ရာ နိုင်ငံ များအတွက် အတူတကွ အောင်မြင်ခြင်း ကို ရရှိစေမည် ဖြစ်ကြောင်း ဇွန် ၂၇ ရက်နေ့ က ပြောကြားခဲ့သည်။

Joseph က ပစိဖိတ်ဒေသ တက္ကသိုလ်များ ညီလာခံ တွင် ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံ မေးမြန်းမှု ကို ပြန်လည် ဖြေကြားခဲ့ရာတွင် “ခေတ်သစ်ပိုးလမ်းမကြီး” ဖောင်ဆောင်မှု သည် အခြေခံအဆောက်အဦ တည်ဆောက်မှု ကို အဓိက ထားဆောင်ရွက်ခြင်းမှာ သိသာထင်ရှားစွာ တွေ့ရှိရပြီး ဤသည်မှာလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန်အရေးပါသည့် အချက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Joseph က အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော လွတ်လပ်သော ကုန်သွယ်မှု သည် သက်ဆိုင်ရာ နိုင်ငံများအတွက် ရရှိစေမည့် အကျိုးကျေးဇူးများသည် လွန်စွာကြီးမားကြောင်း ၊ လွတ်လပ်သော ကုန်သွယ်မှု အား ကောင်းမွန်စွာ ဆောင်ရွက် နိုင်ပါက ဖွံ့ဖြိုးဆဲ နိုင်ငံ များ နှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် ကြီးမားသည့် အကျိုးအမြတ်များကို ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၊ လွတ်လပ်စွာ ကုန်သွယ်မှု သည် ဈေးကွက်အတွင်း ဝင်ရောက်ရန် အခွင့်အရေး ကို ရရှိစေမည့် အပြင် သက်ဆိုင်ရာ နိုင်ငံများအတွက် နည်းပညာ နှင့် အတွေးအမြင် များကိုပါ ရရှိစေနိုင်မည် ဖြစ်ကြောင်း ၊ ထိုမှ တစ်ဆင့် နည်းပညာ ဆန်းသစ်တီထွင်စေနိုင်မည့် အခွင့်အရေး ကို ရရှိစေနိုင်မည် ဖြစ်ပြီး တရုတ် နိုင်ငံ မှ ဤ ကိစ္စရပ် နှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည့် မူဝါဒ များသည် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.