Connect with us

Eastern Europe

အဇာဘိုင်ဂျန်သမ္မတက ဇနီးဖြစ်သူကို ဒုတိယသမ္မတခန့်အပ်

အဇာဘိုင်ဂျန် နိုင်ငံ ဒုတိယ သမ္မတ Mehriban Aliyeva အားတွေ့ ရစဉ် (ဆင်ဟွာ)

ဘကု ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အဇာဘိုင်ဂျန်နိုင်ငံသမ္မတ Ilharm Aliyev က ဇနီးဖြစ်သူကို နိုင်ငံ၏ ဒုတိယသမ္မတ(၁) အဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ရာထူး ခန့်အပ်တာဝန်ပေးကြောင်း အဇာဘိုင်ဂျန်သမ္မတရုံး အင်တာနက်စာမျက်နှာပေါ်ကတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ဒုတိယသမ္မတ(၁) နှင့် ဒုတိယသမ္မတ ရာထူး နှစ်ခုကို ဖန်တီး နေရာပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သမ္မတသက်တမ်းကိုလည်း ၅ နှစ် မှ ၇ နှစ်အထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဇာဘိုင်ဂျန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးနောက် ဒုတိယသမ္မတ နှစ်ဦးအား ခန့်အပ်ခြင်း နှင့် ရာထူးမှ ထုတ်ပယ်ခြင်းများကို သမ္မတမှ တိုက်ရိုက် ဆောင်ရွက်ခွင့်ရရှိခဲ့သည်။

အဇာဘိုင်ဂျန်နိုင်ငံ၏ အစိုးရအဖွဲ့အာဏာသည် လွှတ်တော်က ရွေးကောက်တင်မြှောက်ထားသော ဝန်ကြီးချုပ်ထံ ဆင်းသက်ရမည့်အစား ဒုတိယသမ္မတ(၁) ထံ ဦးစွာ အာဏာသက်ရောက်မှု ရှိမည်ဖြစ်သည်။ဖွဲ့စည်းပုံအရ သမ္မတသည် ဝန်ကြီးချုပ်၏ ရာထူးတာဝန်များကို ပယ်ဖျက်နိုင်သည့် အခွင့်အာဏာလည်း ရရှိထားကြောင်း သိရသည်။

အသက် ၅၂ နှစ်အရွယ်ရှိ Aliyeva သည် အဇာဘိုင်ဂျန်နိုင်ငံတွင် ဂီတအမွေအနှစ် နှင့် ရိုးရာစာပေ ဖွံ့ဖြိုး တိုးတက်ရေး နှင့် အကာအကွယ်ပေးရေးအတွက် လုပ်ဆောင်နေမှုကြောင့် ၂ဝဝ၄ ခုနှစ်တွင် ကုလသမဂ္ဂ ( ယူနက်စကို ) အဖွဲ့ကြီး၏ ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

၎င်းသည် အဇာဘိုင်ဂျန်နိုင်ငံ၏ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.