Connect with us

Europe

တရုတ်ဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်-ဂျာမနီ လွတ်လပ်သောကုန်သွယ်ရေးမြှင့်တင်ရေး ပူးတွဲအားထုတ်သွားရန် တိုက်တွန်းပြောကြား

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ်အိန်ဂျယ်လာမာကဲလ် တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ဘာလင်၊ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ကမ္ဘာ့စီးပွားရေး ဆက်လက်နလန်ထူရန် နှင့် ကမ္ဘာ့ကုန်သွယ်မှုဖွံ့ဖြိုးရေးကို တွန်းအားပေးရန်အတွက် တရုတ် နှင့် ဂျာမနီ နှစ်နိုင်ငံအနေဖြင့် လွတ်လပ်ပြီး မျှတသော ကုန်သွယ်ရေးကို ပူးတွဲမြှင့်တင်သွားရန် ဇူလိုင် ၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

နိုင်ငံတကာအခြေအနေများ မတည်မငြိမ်မှုများ နှင့် မရေးရာမှုများဖြင့် ကြုံတွေ့နေစဉ် တရုတ် နှင့် ဂျာမနီ နှစ်နိုင်ငံအနေဖြင့် လွတ်လပ်မျှတသော ကုန်သွယ်ရေးကို အားပေးထောက်ခံရန် ကမ္ဘာ့အဓိကစီးပွားရေးလုပ်ငန်းများတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်ဖက် နက်ရှိုင်းစွာ ပူးပေါင်းမှုကို လုပ်ဆောင်သွားသင့်ကြောင်း ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့်ဆွေးနွေးစဉ် လီက တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ နှစ်ဖက်အပြန်အလှန်လေးစားမှု ၊ တန်းတူညီမျှမှု စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ၊ Win-Win ရလဒ်များ ထွက်ပေါ်အောင် ပိုမိုစွမ်းဆောင်ပြီး မျှတသည့် ယှဉ်ပြိုင်မှုအပါအဝင် နှစ်ဖက်အပြန်အလှန်နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သွားရန် အသင့်ရှိပါကြောင်း လီက ပြောကြားခဲ့ပြီး အဆင့်မြင့်ကိုယ်စားလှယ်အဆင့်ပွင့်လင်းသော ဆွေးနွေးမှုတစ်ခုကို လုပ်ဆောင်ရန် တရုတ်နိုင်ငံက တွန်းအားပေးလျက်ရှိကြောင်းလည်း လီက အသိပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ်အိန်ဂျယ်လာမာကဲလ် တို့ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည်စစ်ဆေးနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ်အိန်ဂျယ်လာမာကဲလ် တို့ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည်စစ်ဆေးနေစဉ်(ဆင်ဟွာ)

လီ၏ ခရီးစဉ်အတွင်း နှစ်ဖက်သည် ပထမဆုံးအကြိမ်အဖြစ် ဂျာမနီနိုင်ငံ၏ မော်တော်ကားစက်ရုံများ တရုတ်နိုင်ငံ၌ ပူးတွဲတည်ဆောက်ရန် သဘောတူညီချက်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီး ဂျာမနီနိုင်ငံ၏ ဓာတုစက်ရုံကြီးတစ်ခုကိုလည်း တရုတ်နိုင်ငံ၌ တည်ဆောက်သွားရန် မီးစိမ်းပြနိုင်ခဲ့ကြောင်း သိရသည်။

ယင်းမှာ တရုတ်နိုင်ငံ၏ အနာဂတ်တံခါးဖွင့်ခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို ထင်ဟပ်စေကြောင်း လီက ဆိုသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်က စွမ်းအင်သစ်ကားများ ၊ လေယာဉ် နှင့် နည်းပညာမြင့်စက်ရုံများ ပူးပေါင်းဆောင်ရွက်ခြင်း အခွင့်အလမ်းကောင်းများအပေါ် နှစ်ဖက်စလုံးအနေဖြင့် အမိအရဆုပ်ကိုင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

၂ဝ၁၉ ခုနှစ်ကို ဂျာမနီ-တရုတ် ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး နှစ်အဖြစ် သတ်မှတ်ပြီး ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပြည်သူအချင်းချင်းဖလှယ်မှုကို တိုးချဲ့လုပ်ဆောင်သွားလိုကြောင်း မာကဲလ်က ဆိုသည်။

ထို့ပြင် မကြာမီပြုလုပ်မည့် တရုတ်-အီးယူခေါင်းဆောင်များအစည်းအဝေး ပူးတွဲကြေညာချက်တစ်ခုကို ဂျာမနီနိုင်ငံက ထောက်ခံကြောင်း နှင့် တရုတ်-အီးယူ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ဆွေးနွေးချက်တွင် ဆောလျင်သည့် တိုးတက်မှုတစ်ခုအတွက် ဂျာမနီနိုင်ငံက မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.