Connect with us

Europe

ပါရီဟိုတယ် ဓါးပြတိုက်မှု မှ တရားခံများအား ဖမ်းဆီးရမိ

ဓါးပြတိုက်မှုဖြစ်ပွားခဲ့သည့် ပါရီမြို့မှ Ritz ဟိုတယ်သို့ ရဲတပ်ဖွဲ့များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့ အလယ်ပိုင်း ရှိ ထင်ရှားသော Ritz ဟိုတယ်၌ ဇန်နဝါရီလ ၁၀ ရက် နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ဓါးပြတိုက်မှုမှ သံသယရှိသူ ၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ပါရီရဲဋ္ဌာန က အဆိုပါ သတင်းအား ၎င်း၏ တရားဝင် တွစ်တာအကောင့်တွင် ဖော်ပြခဲ့ပြီး အခြားသံသယရှိသူ ၂ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ဓါးပြတိုက်မှုသည် ဒေသစံတော်ချိန် ညနေ ၆း၃၀နာရီတွင် ဖြစ်ပွားခဲ့ပြီး ဟိုတယ်ရှိ ကျောက်မျက်ရတနာဆိုင် တစ်ဆိုင်သို့ လူ၅ဦးပါဝင်သည့် လက်နက်ကိုင်ဓါးပြအုပ်စု တစ်စုဝင်ရောက်လာကာ မှန်ပုံးများအား ပုဆိန်ဖြင့် ထုနှက်ပြီးနောက် ရတနာများအား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ရတနာများ ပြန်လည်ရရှိခြင်း ရှိ၊မရှိကိုမူ သိရှိခြင်းမရှိသေးကြောင်း သိရသည်။

ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ ၏ ဝင်ရောက်ဖမ်းဆီးမှုကြောင့် ဓါးပြ၃ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အခြားလူ ၂ဦးမှာ စကူတာတစ်စီးဖြင့် လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ မီဒီယာများ၌ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.