ဘဲဂရိတ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ၏ ၃၉ ကြိမ်မြောက် ဆန်းသစ်တီထွင်မှု၊အသိပညာနှင့်ဖန်တီးမှုဆိုင်ရာ”TESLA FEST 2025″ နိုင်ငံတကာပွဲတော်ကို နိုဗီဆတ်မြို့တွင် အောက်တိုဘာ ၁၂ ရက်က ပြုလုပ်ခဲ့ရာ ပြပွဲအတွင်း တရုတ်နိုင်ငံမှ ထုတ်ကုန်များ ပါဝင်ပြသခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ...
လူဗျာနာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) နေတိုးမဟာမိတ်အဖွဲ့အနေဖြင့် စုပေါင်းကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး မျှော်မှန်းချက်ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းနေစဉ် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေးက လုံခြုံမှုရှိရေးအတွက် ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်ကြရန် အောက်တိုဘာ ၁၃ ရက်က တိုက်တွန်းပြောကြားခဲ့သည်။ ဥရောပမဟာမိတ်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့အနေဖြင့် မိမိတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်နီးပါး...
လန်ဒန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တစ်ကမ္ဘာလုံးတွင် အသက်အရွယ်အား စံနှုန်းဖြင့်သတ်မှတ်ပြီးနောက် စုစုပေါင်းသေဆုံးမှုနှုန်းသည် ကျဆင်းလာလျက်ရှိရာ ၂၀၂၃ ခုနှစ် တစ်ကမ္ဘာလုံး မျှော်မှန်းသက်တမ်းသည် ၁၉၅၀ ပြည့်နှစ်ထက် နှစ် ၂၀ ကျော် တိုးလာကြောင်း ဗြိတိန် ဆေးပညာဂျာနယ် The Lancet က အောက်တိုဘာ...
ကိဗ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် ဖုန်းပြောဆို ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အောက်တိုဘာ ၁၂ ရက် က ပြောကြားလိုက်သည်။ အဆိုပါဆွေးနွေးမှုမှာ “အလွန်အကျိုးဖြစ်ထွန်း” သည်ဟု ဇယ်လန်းစကီးက ထုတ်ဖော်ပြောဆိုခဲ့သလို တာဝေးပစ်စွမ်းဆောင်ရည်များ...
မော်စကို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ပူတင်က အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev နှင့် အောက်တိုဘာ ၉ ရက် တွေ့ဆုံဆွေးနွေးရာတွင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အခြေအနေကို အသေးစိတ် ထုတ်ပြန်ပြောကြားခဲ့ပြီး ယင်းလေယာဉ်...
စတော့ခ်ဟုမ်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အခြေစိုက် သိပ္ပံပညာရှင်သုံးဦး ဖြစ်သော ဂျွန်ကလော့ခ်၊ မစ်ချယ် အိတ်ချ် ဒီဗိုရက်နှင့် ဂျွန် အမ် မာတင်နိစ်တို့သည် လျှပ်စစ်ဆားကစ်တစ်ခုအတွင်း သာမန်မျက်စိဖြင့်မမြင်နိုင်သော စက်မှုသိပ္ပံပညာရပ်ဆိုင်ရာဖောက်ထွက်ခြင်း (tunnelling) နှင့် စွမ်းအင်ကွမ်တမ်အသွင်ကူးပြောင်းခြင်းကို ရှာဖွေတွေ့ရှိခြင်းအတွက် ၂၀၂၅ ခုနှစ် ရူပဗေဒဆိုင်ရာ...
မော်စကို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်က အထူးစစ်ရေးလှုပ်ရှားမှု ရည်မှန်းချက်အားလုံးကို ဖော်ဆောင်သွားမည်ဟု ရုရှားသမ္မတ ပူတင်က အောက်တိုဘာ ၇ ရက် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်၌ ကျင်းပသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တပ်မတော်စစ်ဦးစီးချုပ်ရုံး ခေါင်းဆောင်များအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင် ပူတင်က ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း ဖက်ဒရယ်ဒေသကို...
ဆိုချီ၊ ရုရှား၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် “ကျွန်တော်တို့ရဲ့ ယူရေးရှား လုံခြုံရေး အတွေးအမြင်နဲ့ နီးကပ်စွာ ချိတ်ဆက်နေ” ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ “ချိန်ညှိမှု” သည် နှစ်ဖက်အသွင်နှင့် ကမ္ဘာလုံးဆိုင်ရာအသွင်ရှိသောကြောင့် အလွန်အရေးကြီးကြောင်း...
ဆူဘော့တီကာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဟန်ဂေရီ-ဆားဘီးယားရထားလမ်း၏ ဆားဘီးယားနိုင်ငံ ပြည်တွင်းရှိ နိုဗီဆတ်-ဆူဘော့တီကာလမ်းပိုင်း စတင်ပြေးဆွဲခြင်း အခမ်းအနားကို အောက်တိုဘာ ၃ ရက်တွင် ဆားဘီယားနိုင်ငံ မြောက်ပိုင်းမြို့ ဆူဘော့တီကာ၌ ကျင်းပခဲ့ပြီး ဟန်ဂေရီ-ဆားဘီးယားရထားလမ်း၏ ဆားဘီးယားနိုင်ငံ ပြည်တွင်းလမ်းပိုင်း အားလုံးစတင်ပြေးဆွဲမှုအတွက် ဂုဏ်ပြုခဲ့သည်။ ထိုနေ့နံနက်ပိုင်းတွင် ဆားဘီးယားနိုင်ငံ သမ္မတ...
ဆိုချီ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရုရှားရေနံမဝယ်ယူရန် အိန္ဒိယကို အမေရိကန် ဖိအားပေးခြင်း၏ အကြောင်းရင်းတစ်ခုမှာ မိမိစွမ်းအင်အရောင်းမြှင့်တင်ရန်အတွက် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဆိုချီမြို့၌ စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ Think Tank အဖွဲ့ဖြစ်သည့်...