Connect with us

Europe

ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့သော လီဗာပူးအသင်းအား ပရိသတ် ၅ သိန်းကျော်ဖြင့် ကြိုဆိုရန်စီစဉ်ထား

လီဗာပူးအသင်း ပရိသတ်များအားတွေ့ ရစဉ်(ဆင်ဟွာ)

လီဗာပူး ၊ ဇွန် ၂ ရက်

ဇွန် ၁ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်၌ အနိုင်ရရှိခဲ့သော လီဗာပူးဘောလုံးအသင်း၏ ဇွန် ၂ ရက် အိမ်အပြန်ခရီးစဉ်အား ပရိသတ် ၅ သိန်းကျော်ဖြင့် ကြိုဆိုဂုဏ်ပြုရန် လီဗာပူးမြို ့တော် တာဝန်ရှိသူများက စီစဉ်ထားကြောင်း သိရသည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် လီဗာပူးအသင်းသည် ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးအသင်းအား ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး လစ်ဗာပူးမြို့သို့ဆုဖလားနှင့်အတူပြန်လာမည့် အသင်းနည်းပြ ဂျာဂန်ကလော့နှင့်အသင်းသားများအား သူရဲကောင်းများ သဖွယ်ကြိုဆိုရန် စီစဉ်ထားခြင်းဖြစ်သည်။

လီဗာပူးမြို့တော် တောင်ပိုင်းတစ်ခုလုံးတွင်း အသင်းအားပေးသူ ပရိသတ်များဖြင့် ပြည့်နှက်နေဖွယ်ရှိကြောင်း နှင့် အဆိုပါကြိုဆိုပွဲကို ဇွန် ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး ဂုဏ်ပြုအခမ်းအနားပြုလုပ်မည့် ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် လီဗာပူးဆိပ်ကမ်းသို့ရောက်ရှိရန် လမ်းမပေါ်တွင် အချိန် တစ်နာရီကျော်ကြာ မြင့်မည်ဖြစ်ကြောင်း မျှော်လင့်ရသည်။

ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွားစေရန် လီဗာပူးမြို့တော်ရဲတပ်ဖွဲ့က အဓိကလမ်းများအား နံနက် ၉ နာရီ ၃ဝ မိနစ်မှ စတင်ကာ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ ထိုသို့လမ်းပိတ်ထားချိန်တွင် လမ်းသွားလမ်းလာများအဆင်ပြေစေရန် အထူးယာဉ်များ နှင့် မြေအောက် ရထားများကို စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

ဆုဖလားကြိုဆိုရေး လမ်းတစ်လျှောက်တွင် ကမ္ဘာ့လှည့်ခရီးသွားထောင်ပေါင်းများစွာကလည်း ပါဝင်စောင့်ဆိုင်းနေကြကြောင်း ၊ “ လမ်းမတစ်လျှောက်ကြိုဆိုသူတွေနဲ့ပြည့်နှက်နေမယ့် တကယ့်အထင်ကရ အခိုက်အတန့်လေးပါပဲ” ဟု လီဗာပူးမြို့တော်ဝန်ဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။(Xinhua)