Connect with us

International Organizations

ပဋိပက္ခဇုန်အတွင်းရှိ ကလေးငယ် လေးဦးလျှင် တစ်ဦးမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ယူနီဆက် ထုတ်ပြန်

ရွေ့ပြောင်းကလေးငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည့် နိုင်ငံများမှ ကလေးငယ် သန်း ၂၀ ကျော်တို့သည် အတန်းပညာ သင်ကြားခွင့် ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီလ ၁၁ ရက်တွင် သတိပေး လိုက်သည်။

အရေးပေါ် အခြေအနေများ၌ နေထိုင်နေရသော ကလေးငယ်များ၊ ပညာသင်ကြားခွင့် ပျောက်ဆုံးနေရသည့် မျိုးဆက်သစ် ကလေးငယ်များမှာ သက်ဆိုင်ရာ နိုင်ငံနှင့် စီးပွားရေးအတွက် ထောက်ပံ့နိုင်မည့် အရည်အ သွေးမရှိဘဲ ရှင်သန်ကြီးပြင်းလာမည့် အရေး ယူနီဆက်က စိုးရိမ်နေကြောင်း ဖော်ပြထားသည်။

“စာသင်ကျောင်းဆိုတာ ကလေးတွေကို ပဋိပက္ခ အလွန် သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းကို ပြန် လည် တည်ဆောက်ရာမှာ လိုအပ်တဲ့ အသိပညာတွေနဲ့ အရည်အသွေးတွေကို သင်ကြားပေးတဲ့နေရာပါ” ဟု ယူနီဆက် ပညာရေး ဆိုင်ရာ အကြီးအကဲ Jo Bourne သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ယူနီဆက်၏ လေ့လာဆန်းစစ်ချက်အရ တောင်ဆူဒန်ရှိ မူလတန်းအရွယ်နှင့် အလယ်တန်းအရွယ် ကလေးငယ် ၅၁ ရာခိုင်နှုန်း၊ နိုင်ဂျာရှိ ကလေးငယ် ၄၇ ရာခိုင်နှုန်းတို့မှာ စာသင်ကျောင်းပြင်ပတွင် ရှိနေကြပြီး ပညာသင်ကြား ခွင့်မရှိဘဲ ဖြစ်နေသည်။

အာဖဂန်နစ္စတန်နှင့် ဆူဒန်ရှိ ကလေးငယ် ၄၀ ရာခိုင်နှုန်းကျော်သည်လည်း ပညာသင် ကြားခွင့် မရကြကြောင်း ဖော်ပြထားသည်။

“ပဋိပက္ခ ဒေသတွေမှာ နေထိုင်ကြရတဲ့ ကလေးတွေဟာ သူတို့ရဲ့ အိမ်တွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုံခြုံရေးနဲ့ ပုံမှန် လူနေမှုဘဝတွေ ဆုံးရှုံးနေရတယ်၊ လက်ရှိမှာလဲ ကလေးတွေဟာ အခြေခံ အရေး အဖတ် စွမ်းရည်လေးတွေမှ သင်ကြားခွင့်မရနိုင်ဘူးဆိုရင် သူတို့ရဲ့ အနာဂတ် ပျောက်ဆုံးကာ အရွယ်ရောက်ချိန်မှာလဲ စီးပွားရေးနဲ့ လူမှုရေးတွေမှာ ထောက်ပံ့ပေးနိုင်မဲ့ အခွင့်အရေး ပျောက်ဆုံးကုန်ပါလိမ့်မယ်” ဟု Bourne ကပြော သည်။

ထို့ပြင် ပဋိပက္ခ ဧရိယာအတွင်းရှိ စာသင်ကြားခွင့် မရှိသော ကလေးငယ်များသည် လက်နက်ကိုင် အဖွဲ့များ၏ တပ်သား စုဆောင်းခြင်း ခံရနိုင်ခြေများကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ယူနီဆက်၏ ထုတ်ပြန်ချက်အရ လုံခြုံရေး ကန့်သတ်ချက်များနှင့် ရန်ပုံငွေ လျှော့ချခြင်းများသည် ပဋိပက္ခ အခြေ အနေများအတွင်း ပညာရေးဆိုင်ရာ ထောက်ပံ့ခြင်းနှင့် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေခြင်း များ၌ ထိခိုက်မှု ရှိခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.