Latin America
ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း ဒေသ ယာဉ်မတော်တဆမှု ၌ လူ ၄ ဦး သေဆုံး
ဘရာဇီးလီယာ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ် ရဲ တပ်ဖွဲ့ က သြဂုတ်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြည်ထောင်စု လမ်းမကြီး ၌ ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူ ၄ ဦး သေဆုံး ခဲ့ပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။
ဒေသတွင်း မီးသတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ ခရီးသည် တင်ယာဉ် တစ်စင်း သည် Minas Gerais ပြည်နယ် အနောက်ပိုင်း ရှိ ကုန်းတက် တစ်ခုပေါ်သို့ မောင်းနှင်ရာတွင် ယာဉ်မောင်း ၏ ဂီယာ မှားယွင်းထိုးမှု ကြောင့် ခရီးသည်တင်ယာဉ် က ကုန်းပေါ် မှ လိမ့်ဆင်းလာခဲ့ပြီး လားဘေးရှိ ၃၀ မီတာ နက်သော ချောက် အတွင်းသို့ ပြုတ်ကျ ခဲ့ကြောင်း ၊ အချင်း ဖြစ်ပွား ပြီးနောက် ဒဏ်ရာရရှိသူ များအား ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဘရာဇီး နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အချင်း ဖြစ်ပွား ခဲ့သည့် ခရီးသည် တင်ယာဉ် မှာ တရားမဝင် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်နေသည့် ယာဉ် တစ်စင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)